Monday, September 30, 2013

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး သွန်းလုပ်ပူဇော်မည့် သတင်းကြောင့် မြောင်းမြမြေဈေး ငါးဆခန့်မြင့်တက်

0 comments
                      ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး ထားရှိမည့် မြတိဂုံ စေတီတော်ရင်ပြင်အား တွေ့ရစဉ်
30.9.2013

မြောင်းမြမြို့ မြစိမ်းရောင် သာသနာ့နယ်မြေတွင် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းတော်ကြီး သွန်းလုပ်ပူဇော်မည့် သတင်းကြောင့် မြစိမ်းရောင် သာသနာ့နယ်မြေနှင့် နီးကပ်သော ကုန်းသာကျေးရွာ၊ မြောင်းမြမြို့နှင့် မြစိမ်းရောင် သာသနာ့မြေကို ဆက်သွယ်ထားသော လမ်းတစ်လျှောက်ရှိ အိမ်ခြံဈေးများ ငါးဆခန့် မြင့်တက်လာကြောင်း သိရသည်။

"အဓိက အရောင်းဝယ်ဖြစ်တာ ကုန်းသာဘက်မှာ။ မြို့ဟောင်းရွာဘက်က ပိုနီးပေမယ့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဆိုတော့အရောင်းအ၀ယ်လုပ်လို့မရဘူး။ကုန်းသာဘက်မှာဆိုအ၀ယ်လိုက်တယ်။  ခြံကျယ်ပြီး နေရာကောင်းရင် ခဏလေးနဲ့ အရောင်းအ၀ယ် ဖြစ်တယ်။ ကားလမ်းဘေးက မြေတွေဆို ရသလောက် လိုက်ဝယ်တာတောင် ရှိတယ်။ ဈေးတွေကတော့ ကြိုက်ဈေးပဲ။ ကြိုက်ရောင်းကြိုက်ဝယ်ပေါ့" ဟု အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောကြားသည်။

"ခေါင်းလောင်းကြီးလုပ်မယ့် သတင်းရယ်။ မြောင်းမြရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ပြန်လည်ဖော်ထုတ်နေတဲ့ အကြောင်းတွေကြောင့် လူတွေက နိုင်ငံခြားသားတွေ၊ လေ့လာသူတွေ လာရောက်ဖို့ ရှိလာပြီဆိုပြီး မြစိမ်းရောင်နဲ့ နီးတဲ့နေရာက မြေတွေကိုလိုက်ဝယ်တာ။သိပ်မနီးတဲ့ကားလမ်းဘေးကဥယျာဉ်မြေကျယ်ကျယ်တွေကိုလဲ ဈေးကောင်းပေးဝယ်တယ်။ လွန်ခဲ့တဲ့ ငါးလလောက်က ခုနစ်သိန်းလောက်ပဲပေါက်တဲ့ မြေကွက်က အခုဆို ၄၀ ကျော် ပေါက်တယ်" ဟု ကုန်းသာကျေးရွာတွင် မြေကွက်ဝယ်ရန် လေ့လာသူ တစ်ဦးက ပြောကြားသည်။

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းဖြစ်လာမည့် ကြေးပိဿာချိန် ၃၃၃ တန် အလေးချိန်ရှိ ခေါင်းလောင်းကြီးကို မြောင်းမြမြို့ မြစိမ်းရောင် သာသနာ့နယ်မြေရှိ မြတိဂုံဘုရား ရင်ပြင်ပေါ်တွင် သွန်းလုပ်ပူဇော်မည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ဧည့်သည်အရေအတွက် တိုးလာမည်ဟု ခန့်မှန်းတွက်ချက်ပြီး ခရီးသွား လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပြင်ဆင်မှုအဖြစ် မြေကွက်များဝယ်မှု ပြုလုပ်လာခြင်း
 ဖြစ်သည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here