Thursday, September 26, 2013

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်း ပြည်သူ ဗဟိုပြုစီမံ ကိန်း ဖြစ်မှသာ အကျိုးရှိမည်ဟုဆို

0 comments
26.9.2013

ရန်ကုန် ၊ စက်တင်ဘာ ၂၅ ။ ။မြန်မာ- အိန္ဒိယနှစ်နိုင်ငံ သဘောတူညီ ချက် ဖြင့်ဆောင်ရွက်နေသော ကုလား တန်မြစ်ကြောင်း ဘက်စုံသုံးစီမံ ကိန်းမှာ ပြည်သူကိုဗဟိုပြုသည့် စီမံကိန်းဖြစ်အောင်လုပ်မှသာ အ ကျိုးရှိသည့် စီမံကိန်းတစ်ခုဖြစ် လာမည်ဟု အဆိုပါစီမံကိန်း ကို စောင့်ကြည့်လေ့လာနေသူများ က ထောက်ပြပြောဆိုသည်။

အိန္ဒိယနိုင်ငံ၏ ကုန်ကျငွေ ဖြင့် ၂၀၀၉ခုနှစ်မှ စတင်ဆောင် ရွက်နေသည့် အဆိုပါစီမံကိန်းတည် ရှိရာ ကုလားတန်မြစ်ကြောင်း တစ် လျှောက်ရှိဒေသခံ များမှာ အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ သိရှိမှု နည်းပါးကြပြီး အိန္ဒိယနိုင်ငံအပါအ ဝင်မြန်မာအစိုးရဘက်ကလည်း ယင်းစီမံကိန်းနှင့် ပတ်သက်၍ ပွင့် လင်းမြင်သာမှုရှိအောင်ချပြပေး မှုမရှိကြောင်း လေ့လာသူများက ပြောသည်။

''ဒေသခံတွေရဲ့ အကျိုးကျေး ဇူးကို တကယ်အာမခံချက်ပေးနိုင် တဲ့၊ ပြည်သူလူထုတွေကို ဗဟိုပြု တဲ့ စီမံကိန်းဖြစ်အောင် လုပ်မှသာလျှင် ဒီစီမံကိန်းဟာအကျိုးရှိမယ်''ဟု အဆိုပါ စီမံကိန်းကို စောင့်ကြည့် လေ့ လာနေသည့် Gender Development Initiative (GDI) မှ အမှု ဆောင် ဒါရိုက်တာ ဆလိုင်းအိုက် ဇက်ခမ်က ဆိုသည်။

ထိုစီမံကိန်းကိုစောင့်ကြည့် လေ့လာနေသည့် ချင်းလူ့အခွင့် အရေးအဖွဲ့၏ အဆိုအရ စီမံကိန်း တည်ရှိရာဒေသများတွင် ဒေသခံ ၁ဒသမ ၂သန်း နေထိုင် လျက်ရှိ သည့်အနက် ၉၂ရာခိုင်နှုန်းမှာ စီမံ ကိန်းနှင့်ပတ်သက်၍ မသိရှိကြဟု ဆိုသည်။

ယင်းအပြင် အဆိုပါစီမံကိန်း မှာ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်စေ ရန်ရည်ရွယ် ချက်ဖြင့် လုပ်ဆောင် နေခြင်း မဟုတ်ဘဲ အိန္ဒိယနိုင်ငံအ နေဖြင့် ယင်းတို့၏မြောက် ပိုင်းပြည် နယ်များနှင့် စီးပွားကူးသန်းရာတွင် အဆင်ပြေစေလို သည့်ဆန္ဒတစ်ခု တည်းအတွက်သာ လုပ်နေခြင်း ဖြစ်ကြောင်း ဆလိုင်း အိုက်ဇက်ခမ် ၏ပြောပြချက်အရသိရသည်။

''ဒါနဲ့ပတ်သက်ပြီး ကျွန်တော် တို့လဲ ပွင့်ပွင့်လင်းလင်းနဲ့ အများ ကြီးသိချင် တာပေါ့။ ဒါပေမဲ့ ကျွန် တော်တို့ ဘာမှသဲသဲကွဲကွဲ မသိဘူး။ သူတို့လဲ မပြောဘူး''ဟု ဒေသခံ တစ်ဦးက ပြောသည်။

အိန္ဒိယနိုင်ငံတွင် နိုင်ငံအတွင်း ပြုလုပ်သည့် မည်သည့်အကြောင်း အရာကိုမဆို နိုင်ငံသားတိုင်းက သိရှိပိုင်ခွင့် ရှိသော Right To Information (RTI) Law ရှိသော် လည်း မြန်မာနိုင်ငံတွင် ဆောင် ရွက်နေသည့် ကုလားတန် စီမံကိန်း နှင့်ပတ်သက်၍ အိန္ဒိယအစိုးရဘက် ကEIA, SIA Report များ ထုတ် ပြန်ပေးခြင်းမျိုး မရှိသေးကြောင်း သိရသည်။ အလားတူ စီမံကိန်းတည် ရှိရာ ဒေသများ အတွက် ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းများ ကိုလည်း လုပ် ဆောင်ပေးခြင်း မရှိသည့်အပြင် စီမံ ကိန်းဆောင်ရွက်ခြင်းကြောင့် ထိခိုက်နစ်နာမှုရှိသည့် ဒေသခံများ အတွက် လျော်ကြေးများ ပေးလျော် ခြင်း မရှိသေးကြောင်း သိရသည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here