Thursday, September 19, 2013

ဂျပန် လေ့ကျင့်ရေး စစ်သင်္ဘော သုံးစီး ပထမဆုံး အကြိမ် မြန်မာ နိုင်ငံ လာမည်

0 comments


ဂျပန်နိုင်ငံ ၏ ရေတပ် ကာကွယ်ရေး တပ်ဖွဲ့မှ လေ့ကျင့်ရေး စစ်သင်္ဘော သုံးစင်း သည် မြန်မာနိုင်ငံ သီလဝါ ဆိပ်ကမ်း သို့ စက်တင်ဘာ လ ၃၀ ရက်နေ့ တွင် ပထမဦးဆုံး အကြိမ် ချစ်ကြည်ရေး ခရီး စဉ် လာရောက် မည် ဖြစ်ကြောင်း ဂျပန်သံရုံး မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။ 

အဆိုပါ စစ်သင်္ဘော သုံးစီး သည် စက်တင်ဘာ လ ၃၀ ရက်နေ့မှ အောက်တိုဘာ လ ၄ ရက်နေ့ အ ထိ သီလဝါ ဆိပ်ကမ်း တွင် ဆိုက်ကပ်ထား မည် ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးတက် စေရန် ရည်ရွယ် ကာ လာရောက် ခြင်း ဖြစ်ကြောင်း ဂျပန် သံရုံး က သတင်း ထုတ်ပြန် သည်။ ယင်း သေ င်္ဘာ များ ဆိုက်ကပ် ထားစဉ် တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် မည် ဖြစ်ပြီး လေ့ကျင့်ရေး စစ် သေ င်္ဘာ သုံးစီး ပေါ်သို့ တက်ရောက် ကာ လေ့လာခွင့် ရရှိမည် ဖြစ်ကြောင်း ဂျပန် သံရုံး ၏ ထု တ်ပြ န် ချက် တွင် ဖော်ပြထား သည်။ 

သြဂုတ်လ ၂၉ ရက်နေ့ က တရုတ် ပြည်သူ့ သမ္မတ နိုင်ငံမှ နိုင်ငံစုံ လှည့်ကာ ဆေးကုသ နေ သည့် Peace Ark ဆေးကု သင်္ဘော မြန်မာနိုင်ငံ သို့ ချစ်ကြည်ရေး ခရီး လာရောက်ကာ လူနာ တစ်သော င်း နီး ပါး ကို အခမဲ့ ဆေးကုသ မှု ပြုလုပ် ပေးခဲ့ သည်။ ယင်း ဆေးကု သင်္ဘော လာရောက်ပြီး တစ် လ အကြာတွင် ဂျပန် နိုင်ငံမှ လေ့ကျင့်ရေး စစ် သင်္ဘော သုံးစီး သည် မြန်မာ နိုင်ငံ သို့ ချစ်ကြည်ေ ရး ခရီး လာရောက်ခြင်း ဖြစ်သည် ။

The Voice Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here