Thursday, September 26, 2013

တိရစ္ဆာန်ရုံအတွင်း တိရစ္ဆာန်ပုံပါအဝတ်များ မဝတ်ရ

0 comments


ဗြိတိသျှတိရစ္ဆာန်ရုံတစ်ခု ဖြစ်သည့် Chessington World of Adventures မှ စီစဉ်သော Zufari Ride Into Africa အစီ အစဉ်တွင် တိရစ္ဆာန်များအား ထရပ်ကားများဖြင့် လိုက်လံကြည့် ရှုသော ဧည့်သည်များအနေဖြင့် ကျားသစ်၊ မြင်းကျား စသည်တို့ ၏ ကိုယ်ခန္ဓာနှင့်ဆင်တူသော အကြောင်အကျားအင်္ကျီများမဝတ် ဆင်ရန် ပိတ်ပင်လိုက်ကြောင်းသိရ သည်။
ဆာဖာရီကဲ့သို့ နယ်မြေ အတွင်း ကားစီး၍လာရောက်သူ များနှင့် သစ်ကုလားအုတ်၊ ကြံ့ စသည့် တိရစ္ဆာန်များနှင့်တွေ့ကြ သောအခါ လာရောက်ကြည့်ရှု သူများ၏ အင်္ကျီအဆင်ရှုပ်ရှုပ် ထွေးထွေးကို မနှစ်သက်သည့် လက္ခဏာပြကာ မျက်စိနောက်ပြီး ထွက်ပြေးသွားတတ်ကြောင်း၊ ထို ကဲ့သို့အင်္ကျီများဝတ်ဆင်လာသော ဧည့်သည်များအနေဖြင့် ထိုအင်္ကျီ များအား အပေါ်မှ ထပ်ဖုံးရန် အဝတ်များ ငှားရမ်းနိုင်ကြောင်း သိရသည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here