Tuesday, September 24, 2013

ပေါ်လစီများ ချမှတ်ပြီးပါက ပြည်ပ ကားကုမ္ပဏီများ တရားဝင် Car Show room ဖွင့်ခွင့်ပြုမည်

0 comments


24.9.2013

ပြည်ပမှ ကားကုမ္ပဏီများ အနေနှင့် မြန်မာနိင်ငံတွင် Car show room များ ဖွင့်လှစ်ခွင့်ပြုရန် စီးပွားကူးသန်းမှ စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကာ ပေါ်လစီများ ချမှတ်ပြီးပါက တရားဝင် ကားသစ်များ တင်သွင်းဖြန့်ချီရောင်းချခွင့် ပြုသွားမည် ဖြစ်ကြောင်း နေပြည်တော်ရှိ စီးပွားကူးသန်းဝန်ကြီးဌာနမှ ညွန်ကြားရေးမူးချူပ် ဦးလှမောင်ဦးက ပြောကြားသည်။
“ဖွင့်လစ်ခွင့် ပြုဖို့ ပြင်နေပါတယ်။ ပေါ်လစီတွေ ချမှတ်ပြီးရင် တစ်နှစ်အတွင်း ဖြစ်ဖြစ် နှစ်နှစ်တွင်း ဖြစ်ဖြစ် ခွင့်ပြုပေးတော့မှာပါ။ ဒီလိုကား show room တွေက လက်ရှိ ဖွင့်လှစ်ခွင့် ပြုထားတဲ့ Used car တွေ မဟုက်ပဲ ကားအသစ်တွေ တင်သွင်း ဖြန့်ချီရမှာပါ”ဟု ဦးလှမောင်ဦးက ဆိုသည်။
လက်ရှိ ပြည်တွင်းတွင် ပုဂ္ဂလိက ဖွင့်လှစ်ခွင့် ပြုထားသည့် ကားအရောင်းပြခန်းများမှာ အသုံးပြုပြီး ကားများကိုသာ တင်သွင်း ရောင်းချခွင့် ပြုထားခြင်း ဖြစ်ပြီး ဖွင့်လှစ်လိုပါက ကျပ်သိန်း(၃၀၀၀)နှင့် ဒေါ်လာ သုံးသိန်း  ရှိရမည် ဖြစ်ကာ အနည်းဆုံး ကားအစီးရေ (၅၀) တင်သွင်း ရောင်းချရမည်ဟု စီပွားကူးသန်းမှ သတင်း ထုက်ပြန်ထားခဲ့သည်။
“တချို့ကား အရောင်းပြခန်းတွေက ဟိုကနေ တရားဝင်ခန့်တာ ဆိုပြီး လုပ်တာတွေ ရှိတယ်။ အဲတာတွေက မမှန်ပါဘူး။ ဥပမာ တိုယိုတာ ကားကုမ္ပဏီက မြန်မာပြည် ကိုယ်စားလှယ် အဖြစ် ခန့်ထားတယ် ဆိုတာမျိုးပေါ့”ဟု ညွှန်ကြားရေးမူးချူပ် ဦးလှမောင်ဦးက လက်ရှိ ကားအရောင်း ပြခန်းအချို့ ဆောင်ရွှက်နေသည့် အချက်အပေါ် ထောက်ပြ ပြောဆိုခဲ့သည်။
လက်တလောတွင်လည်း ပြည်ပမှ ကားကုပ္မဏီ (၂၀)ကျော်ခန့်က ပြည်တွင်း လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ကားအရောင်းပြခန်များ ဖွင့်လှစ်ရန် ဆွေးနွေး ဆောင်ရွှက်နေမူများ ရှိနေပြီး တရားဝင်သာ ဆောင်ရွက်ခွင့် ပြုပါက ရင်းနှီးမြုပ်နှံမူ ပြုကြဖွယ်ရာ ရှိနေသည်။
Car show room များ ဖွင့်လှစ်လိုပါက အရောင်းပြခန်း၊ ၀န်ဆောင်မူနှင့် စပါယ်ယာ အပိုပစ္စည်းများ စသည့် အချက်(၃)ချက်နှင့် ပြည့်စုံရန် လိုအပ်ပြီး တင်သွင်းရောင်ချသည့် ကားများမှာလည်း ကားအသစ် ဖြစ်ရမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
သို့သော် မြန်မာပြည် အနေနှင့် ဂျပန်ကျ ကားဟောင်း ဈေးကွက်သာ ကြီးစိုးနေဆဲဖြစ်ပြီး ကြံ့ခိုင်မူ ၊ အဖိုးနူန်း ချိုသာမူနှင့် ဈေးကွက်အပေါ် အုပ်စိုးမူ အနေအထားအရ တိုယိုတာ၊ နစ်ဆန်း၊ ဟွန်ဒိုင်း စသည့် ကားဟောင်းများသာ ဆက်လက် အရောင်းအ၀ယ် ကောင်းနေမည်ဟု မင်းရဲကျော်စွာ ကားပွဲစားတန်းမှ လုပ်သက်နှစ်(၂၀) ရှိ ပွဲစားတစ်ဦးက ပြောကြားသည်။
သို့သော်လည်း စီးပွားကူးသန်းဝန်ကြီဌားန အနေဖြင့် ပေါ်လစီများ ချမှတ်ပြီးပါက တစ်နှစ်အတွင်း ခွင့်ပြုသွားဖွယ် ရှိနေပြီး ၂၀၁၅ ခုနှစ် မကျော်မှီ ရောင်းချခွင့် ပြုသွားမည် ဖြစ်ကြောင်း ညွန်ကြားရေးမူချူပ် က ပြောသည်။
ကားကို နိင်ငံခြားငွေ အကောင့် ရှိရုံဖြင့် ကိုယ်တိုင် တစ်စီး ၀ယ်ယူနိင်သည့် အခြေအနေကြောင့် ကားဈေး အဆမတန် ကျဆင်းခဲ့ပြီးနောက်ပိုင်း ကားဟောင်းအစား ကားသစ် ၀ယ်စီးလိုသည့် ကားကြိုက်သူများ ပေါများလာမူကြောင့် နာမည်ကျော် ဥရောပကားများ ဈေးကွက်အတွင်း နေရာ ရလာခဲ့သည်ဟု ကားပွဲစားတို့က ဆိုသည်။
ယင်းအချက်ကြောင့် ပြည်တွင်းသို့ နာမည်ကျော်ကားများ တင်သွင်းလာခဲ့ကြပြီး အချို့မှာလည်း တင်သွင်း ရောင်းချနိင်ရန် ပြင်ဆင်လျက် ရှိကြသည်။

မြန်မာခေတ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here