Monday, October 14, 2013
လေဘာပါတီ ခေါင်းဆောင်အဖြစ် Bill Shorten ရွေးချယ်ခံရ
Categories :
Monday, October 14, 2013
သြစတြေးလျနိုင်ငံ အဓိက အတိုက်အခံ လေဘာပါတီက ပါတီခေါင်းဆောင်သစ် ရွှေးချယ်ခဲ့ပြီး တနင်္ဂနွေနေ့မှာတော့ အလုပ်သမားရေးရာ ၀န်ကြီးဟောင်း Bill Shorten ကို ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြောက်လိုက်ပါတယ်။
လေဘာပါတီခေါင်းဆောင်နေရာကို Bill Shorten နဲ့ ဒုဝန်ကြီးချုပ်ဟောင်း Anthony Albanese တို့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ် ပြီးတော့ Bill Shorten က မဲအနိုင်ရခဲ့တာဖြစ်ပါတယ်။
ပါတီခေါင်းဆောင်သစ်ဖြစ်လာတဲ့ Bill Shorten ဟာ ဒီကနေ့မှာတော့ မြို့တော် ကင်ဘာရာမှာရှိတဲ့ လေဘာပါတီ အမတ်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး ပါတီရဲ့ ဒုတိယ ခေါင်းဆောင်နေရာနဲ့ ပါတီတွင်း ရှေ့တန်းနေရာမှာ တာဝန်ယူရမယ့် အဖွဲ့ကို ရွေးချယ်ဆုံးဖြတ်မှာဖြစ်ပါတယ်။
ပါတီရဲ့ ဒုတိယ ခေါင်းဆောင်နေရာကိုတော့ လွှတ်တော်အမတ်ဖြစ်တဲ့ Tanya Plibersek ဖြစ်လာဖို့များတယ်လို့ ခန့်မှန်းနေကြပါတယ်။
ABC
Subscribe to:
Post Comments (Atom)