Friday, October 18, 2013

ဗုံးသံကြားလို့ဈေးတွေလည်း လုံခြုံရေးသတိရှိလာ

0 comments


၂၀၁၃ ခုနှစ်၊ အောက်တိုဘာ လ (၁၆) ရက်နေ့၊ မွန်းလွဲ (၃) နာရီ တွင် ပခုက္ကူမြို့၊ မြို့မဈေးကြီး အတွင်းရှိ ဈေးဘုရားဓမ္မာရုံ၌မြို့ နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေး အလုပ်အမှုဆောင်အဖွဲ့နှင့် ဈေး ရုံကိုယ်စားလှယ်များတွေ့ဆုံ၍ လုံခြုံရေးသတိရှိရန်အတွက် ရှင်းလင်းဆွေးနွေးရာရှေးဦးစွာမြို့ နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် ခေတ္တ အမှု ဆောင်အရာရှိဦးအောင်မင်းကြိုင် တို့က အခြားမြို့များတွင် ဗုံးပေါက် ကွဲမှုများဖြစ်ပွားနေမှုကိုကြားသိရ သဖြင့် ပခုက်္ကူမြို့မဈေးတွင်လည်း ယင်းကဲ့သို့ပေါက်ကွဲမှုမဖြစ်ပွားစေ ရန် ဈေးသူဈေးသားများ သတိဝီ ရိယဖြင့် စောင့်ကြည့်နေထိုင်ကြပြီး မသင်္ကာဖွယ်ရာတွေ့ရှိရပါက သက်ဆိုင်ရာသို့ချက်ချင်းသတင်း ပေးပို့အကြောင်းကြားရန် ဆွေးနွေး မှာကြားကြပြီး မြို့မဈေးအကျိုး တော်ဆောင်အဖွဲ့ဥက္ကဋ္ဌဦးကျော်မြင့် က မိမိဈေးအတွင်းအများပြည်သူ အထိတ်တလန့်ဖြစ်စေသည့်မီးရှူး၊ မီးပန်း၊ ဗျောက်အိုးများရောင်းချ မှုအားကင်းရှင်းစေရေးရှင်းလင်းပြော ကြားတိုက်တွန်းခဲ့ကြောင်း သိရ သည်။

အောင်(မန်းတက္ကသိုလ်)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here