Thursday, October 3, 2013

ကရင်အမျိုးသားညီလာခံ ကျင်းပရန် လူထုဆန္ဒ ကောက်ခံမည်

0 comments
3.10.2013

ကရင်အမျိုးသား တစ်ရပ်လုံး ပါဝင်သော ညီလာခံ ကျင်းပရေးအတွက် ကရင် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီကကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းတွင်လူထုဆန္ဒ ကောက်ခံပွဲ ပြုလုပ်မည်
 ဖြစ်ကြောင်း အဆိုပါကော်မတီ အတွင်းရေးမှူး ဦးစောဆန်းအောင်က ပြောကြားသည်။

အဆိုပါ လူထုဆန္ဒ ကောက်ခံပွဲကို အောက်တိုဘာ ၄ ရက်နှင့် ၈ ရက်နေ့တွင် တနင်္သာရီတိုင်း၌ ကျင်းပမည် ဖြစ်ပြီး အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကော့ကရိတ်မြို့နှင့် ကရင်ပြည်နယ် မြို့နယ်ပေါင်း ခုနစ်မြို့နယ်တို့တွင် လူထုဆန္ဒ ကောက်ခံသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကရင်တိုင်းရင်းသားများ စည်းလုံး ညီညွတ်ရေး၊ ငြိမ်းချမ်းရေးအတွက် ကရင် ညီလာခံတစ်ရပ် ကျင်းပနိုင်ရေးကို လူထုနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်းဦးစောဆန်းအောင်က ပြောကြားသည်။
“ညီလာခံ ကျင်းပမယ့် အချိန်ကတော့ လူထုဆန္ဒ ကောက်ခံပြီးမှ သိမှာပါ၊ သူတို့ဆန္ဒ မပါရင် မလုပ်ပါဘူး” ဟု ၎င်းက ဆိုသည်။

ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီကို ၂၀၁၃ ခုနှစ် ဧပြီလအတွင်း ကရင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အဖွဲ့အစည်းလေးခုမှ ကိုယ်စားလှယ် ၅၂ ဦး တို့ဖြင့် ဖွဲ့စည်းခဲ့သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here