Wednesday, October 9, 2013

လွတ်ငြိမ်းခွင့်ရ အကျဉ်းသားများတွင် တိုင်းရင်းသားလက်နက်ကိုင် အများစုပါဝင်

0 comments

အောက်တိုဘာ ၈ ။ ။ ကချင် ပြည်နယ်တွင် ပြုလုပ်လျက်ရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင် သည့်နေ့တွင် နိုင်ငံတော်အစိုးရ က အကျဉ်းသားများအားလွတ် ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာတွင် တိုင်း ရင်းသားလက်နက်ကိုင် KIO/KIA နှင့် SSA/RCSS, SSA/SSPP အဖွဲ့တို့မှ ပုဒ်မ-၁၇(၁)နှင့် ပြစ်ဒဏ် ကျခံရသည့် နိုင်ငံရေး အကျဉ်းသားများ အများဆုံးလွတ် မြောက်လာကြောင်း သိရသည်။ ၈၈မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးဇော်မင်း က ''အခုလို နိုင်ငံရေး အကျဉ်းသား တွေ လွှတ်ပေးတာ ဘာကြောင့်လဲဆိုတာတော့ မပြော တတ်ဘူး။ ဒါပေမဲ့ နေပြည်တော် မှာလုပ်ခဲ့တဲ့ စိစစ်ရေးကော်မတီ အစည်းအဝေးနဲ့တော့ ဆက်စပ် နေမယ်ထင်တယ်''ဟု ပြောသည်။

အောက်တိုဘာ၈ရက် လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေး အကျဉ်းသား၅၆ဦး လွတ်ငြိမ်းချမ်း သာခွင့်ရခဲ့ပြီး လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် လွတ်မြောက်လာသည့် မြန်မာနိုင်ငံ အကျဉ်းထောင်အ သီးသီးမှ နိုင်ငံရေးအကျဉ်းသား ၅၆ဦးထဲတွင် မတရားအသင်း ၁ရ (၁)ဖြင့် ဖမ်းဆီးခံရသော နိုင်ငံရေး အကျဉ်းသားများ အများဆုံးပါ ဝင်သောကြောင့် ယင်းသို့ပြော ခြင်းဖြစ်သည်။

လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများသည် အင်းစိန်ထောင်မှတစ်ဦး၊ လားရှိုး ထောင်မှ၁၅ဦး၊ မြစ်ကြီးနားထောင် မှတစ်ဦး၊ ကလေးထောင်မှ လေး ဦး၊ မိတ္ထီလာထောင်မှ လေးဦး၊ သီပေါထောင်မှ၁၁ဦး၊ ဗန်းမော် ထောင်မှခုနစ်ဦး၊ ကျိုင်းတုံ ထောင် မှခြောက်ဦး၊ ခန္တီးထောင်မှတစ်ဦး၊ မိုင်းဆတ်ထောင် မှ နှစ်ဦး၊ မြောင်း မြထောင်မှ တစ်ဦး၊ တောင်ကြီး ထောင်မှတစ်ဦး၊ ကသာထောင် မှတစ်ဦးနှင့် မော်လမြိုင်ထောင် မှတစ်ဦးတို့ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

လက်ကျန်နိုင်ငံရေးအကျဉ်း သားစိစစ်ရေးကော်မတီဝင် ဦးညို ထွန်းက ''လွှတ်ပေးလိုက်တဲ့အထဲ မှာ တိုင်းရင်းသားလက်နက်ကိုင် အများစု ပါတယ်။ ဒီလူတွေက နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီကစိစစ်ပြီး နိုင်ငံတော် သမ္မတဆီ တင်ပြ ပေး ခဲ့တာပါ။ သမ္မတက လွှတ်ပေးသင့်တယ်လို့ ယူဆပြီး လွှတ်ပေးလိုက်တာဖြစ် မှာပါ''ဟု ပြောသည်။ ယခုတစ်ခေါက်နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးပြီး နောက် လက်ကျန်နိုင်ငံရေးအ ကျဉ်းသားများ စိစစ်ရေးကော်မ တီ၏ စာရင်းအရ လက်ရှိပြစ်ဒဏ် ကျခံနေရသော နိုင်ငံရေးအကျဉ်း သား၁ဝဝနီးပါးခန့် ကျန်ရှိသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here