နှစ် ၁၀၀ ကျော်သက်တမ်းရှိ ၀န်ကြီးဌာနရုံးဟောင်း အဆောက် အအုံလေးခုအား ဟိုတယ်အဖြစ် အသွင် ပြောင်းလုပ်ကိုင်ဆောင်ရွက်ရန် တင်ဒါရွေးချယ်မှုပြီးစီးပြီဖြစ်ေ
သွင်းကုန် ထုတ်ကုန် လုပ်ငန်းရုံးဟောင်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းရုံးဟောင်း၊ ဟိုတယ်နှင့်ခရီးသွားရေး လုပ်ငန်းဝန်ကြီးဌာန ရုံးဟောင်းနှင့် ကုန်သွယ်ရေးကော်ပိုရေးရှင်း အမှတ်(၅) ရုံးဟောင်း စသောဝန်ကြီးဌာနရုံးဟောင်း လေးခုစလုံးအတွက် တင်ဒါတင်သွင်း ထားသူများအား စိစစ်ရွေးချယ်မှု နောက်ဆုံးအဆင့်အထိ အဆုံးသတ်ဆောင် ရွက်ပြီးဖြစ်သော်လည်း ပိုင်ဆိုင်မှုဆိုင်ရာအထောက်အထား များကို သေချာစေရန် စိစစ်နေရသဖြင့် လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီများအား ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ဖြစ်နေကြောင်း ယင်းကဆိုသည်။
အဆိုပါအဆောက်အအုံများမှာ အင်္ဂလိပ်အစိုးရလက်ထက်ကပင် တည်ဆောက်ထားခဲ့ကာ အစိုးရအဖွဲ့ ၀န်ကြီးဌာနရုံးများအဖြစ် လုပ်ကိုင်ခဲ့သော်လည်း ခေတ်အဆက်ဆက် အစိုးရအပြောင်းအလဲများကြောင့် မူလပိုင်ဆိုင်ရာအထောက်အထားများ သေချာစွာစိစစ်ရန် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုဝန်ကြီးဌာနမှ ညွှန်ကြားထားခြင်းဖြစ်ကြောင်း ပြောသည်။
ဦးအောင်နိုင်ဦးက “တင်ဒါရွေးချယ် စိစစ်တာတွေက အားလုံးပြီးသွားပါပြီ။ ဒါပေမဲ့ ပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထားတွေကို သေသေချာချာ လေ့လာစိစစ်ပြီး ခိုင်လုံမှုရှိမှ ဆက်လုပ်ပါဆိုတဲ့ ကျွန်တော်တို့ ၀န်ကြီးဌာနက ညွှန်ကြားမှုရှိလာတဲ့အတွက် အထောက်အထားတွေ ကို ပြန်လည်ရှာဖွေနေ ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသည် ဥပဒေရေးရာနှင့် အထောက်အထားဆိုင်ရာမှတ်တမ်းများ အားနည်းချက်ရှိခဲ့သည့်အပြင် အစိုးရအပြောင်းအလဲများကြောင့် ပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထားများရှာဖွေရန် အခက်အခဲ များရှိနိုင် ကြောင်း တင်ဒါဝင်ရောက်ယှဉ်ပြိုင်သောကုမ္ပ
ဦးရဲမင်းအောင်က “ကျွန်တော်တို့နိုင်ငံမှာ မှတ်တမ်းတွေက အားနည်းခဲ့တော့ အစရှာရတာခက်ခဲမှာပေါ့။ ဒါပေမဲ့ ပူးပေါင်းပါဝင်ရမှာပဲလေ။ တင်ဒါဆိုတာကလည်း စပြီးခေါ်ကတည်းက အခြေအနေတစ်ခုခုဖြစ် လာရင် လုပ်ပိုင်ခွင့်မပေးဘဲ ရပ်ထားလို့လည်းရတယ်ဆိုတဲ့အချက်က
ယင်းဝန်ကြီးဌာနရုံးများအား တင်ဒါခေါ်ယူမှုစတင်ချိန်ကပင် ဟိုတယ်အဖြစ် ပြောင်းလဲခြင်းမပြုရန် ကန့်ကွက်မှုများရှိနေပြီး ဆန္ဒထုတ်ဖော်မှုများလည်း ရှိခဲ့သည်။
လက်ရှိအချိန်တွင် အဆိုပါအဆောက်အအုံများအား လုပ်ကိုင်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီများကို မူ ရွေးချယ် ထားပြီးဖြစ်သော်လည်း ပိုင်ဆိုင်မှု ဆိုင်ရာအထောက်အထားများ ရှာဖွေမှုပြီးဆုံးချိန်မှသာ ထုတ်ပြန်သွား မည်ဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်
ဦးအောင်နိုင်ဦးက “ဒီရုံးတွေက နိုင်ငံနဲ့ချီပြီး သက်ဆိုင်တဲ့နေရာတွေဆိုတော့ ပိုပြီးသေချာအောင် စိစစ် နေရပါတယ်။ ဒါကြောင့် ဘယ်တော့မှ စိစစ်မှုပြီးမယ်ဆိုတာ ကြိုပြောရတာ နည်းနည်းတော့ ခက်တယ်။ စိစစ်မှုပြီးရင်တော့ ချက်ချင်းထုတ်ပြန်ပေးသွားမှာပါ”
သွင်းကုန်ထုတ်ကုန်လုပ်ငန်းရုံးေ
Mizzima - News in Burmese