ရန်ကုန်စက်မှုဇုန်အတွင်းရှိ အလုပ်သမားတစ်ထောင်ကျော်၏ လုပ်ခ၊ လစာများအပေါ် အလုပ်ရှင်များ၏ အမြတ်ထုတ် ထိန်းချုပ်ခံနေရသည်ဟု လုပ်သားများနှင့် လုပ်ငန်းခွင်ရေးရာ အတိုင်ပင်ခံစင်တာ (Labor Rights Clinic)က အောက်တိုဘာ လ ၃၀ ရက်က သတင်းထုတ်ပြန်လိုက်သည်။
“ခေတ်သစ် ကျွန်သဘောက်”အမည်ရှိ အစီရင်ခံစာကို အောက်တိုဘာလ ၃၀ ရက်က ရန်ကုန်မြို့ ရွှေ ဂုံတိုင်ရှိတော်ဝင်နှင်းဆီခန်းမ
“စက်မှုဇုန်အလုပ်သမားတွေက ခေတ်သစ်ကျွန်သဘောက်ကဲ့သို့ ခံစားနေရတယ်၊ အလုပ်သမားအများစု ကလုပ်ငန်းခွင်ပြဿနာမျိုးစုံနဲ့ရ
စက်မှုဇုန်အလုပ်သမားများသည် အခြေခံလုပ်ခ၊ လစာမှာနည်းပါးလွန်းပြီး အချိန်ပိုလုပ်စေခြင်း၊ ရက်မပျက် ဆုကြေးပေးအပ်ခြင်းများဖြင့် အလုပ်သမားများကိုထိန်းချုပ်ထာြး
“လစဉ်အားလပ်ရက်မှာ နည်းပါးလှပြီး အလုပ်သမားတွေကနားရက်တွေမှာ အလုပ်ရှင်ကအချိန်ပိုအလုပ် ဆင်းခိုင်းရင် ငြင်းပယ်ခွင့်မရှိဘဲ ငါးနှင့်ပုစွန်စက်ရုံများရှိ လုပ်သားများက လတ်လတ်ဆတ်ဆတ်ငါးများ ဖမ်းမိလာသော လှေဝင်လာပါက ညလုံးပေါက်အလုပ်လုပ်ရသည်”ဟုလည်း
ရန်ကုန်စက်မှုဇုန်များရှိ လုပ်သားအများစုသည် တစ်ရက်လျှင် ၁၀ နာရီကျော် အလုပ်လုပ်ကိုင်ရပြီး တစ်ပတ်တွင် ခြောက်ရက်ခန့်လုပ်ငန်းခွင် ၀င်ရောက်နေကြရာ ၎င်းတို့ဘ၀သည် အသက်ရှင်လောက်ငရုံသာ လုပ်ခအတွက် အလုပ်လုပ်ကိုင်နေကြသည်ဟုလည်း ပါရှိသည်။
စက်မှုဇုန် အလုပ်သမားများအား ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရခြင်း
ထိုအစီရင်ခံစာကို လုပ်သားများနှင့် လုပ်ငန်းခွင်ရေးရာအတိုင်ပင်ခံစင
တွေ့ဆုံမေးမြန်းထားသည့် စက်မှုဇုန်အလုပ်သမားအများစုသည် အခြေခံအထက်တန်းအဆင့်ရှိသည့် အလုပ်သမားအများစု ပါဝင်သည်။
ယင်းစစ်တမ်းသည် ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်များရှိစက်ရုံ၊ အလုပ်ရုံပေါင်း ၄၅ ရုံ၏ အလုပ်သမားများ ထံမှစစ်တမ်းများဖြစ်သည်။
Mizzima - News in Burmese