Thursday, October 3, 2013

သံတွဲမြို့ပဋိပက္ခတွင် တိကျသည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ဟု အမေရိကန်သံရုံး တိုက်တွန်း

0 comments
3.10.2013

သံတွဲမြို့တွင်း အကြမ်းဖက်မှုများအပေါ်တွင်မြန်မာအာဏာပိုင်များအနေဖြင့် တိကျပြတ်သားသည့် စုံစမ်း စစ်ဆေးမှု များပြုလုပ်ကာကာကွယ်ပေးသင့်သည်ဟု အမေရိကန် သံရုံးမှ တိုက် တွန်းကြောင်း ကြေညာ ချက် တစ်စောင် ကိုအောက်တိုဘာလ ၂ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် အမေရိကန် ပြည်ထောင်စုမှ သံတွဲတွင်ဖြစ်ခဲ့သည့် အကြမ်းဖက်မှုများ အပေါ် တွင် ပြစ်တင် ရှုတ်ချသည်ဟု ပြောဆိုလိုက်သည်။ ထို့အပြင် အကြမ်းဖက်မှုဖြစ်ပွားစေသည့်သူများ၊ ထို အကြမ်း ဖက်မှု တွင် တာဝန်ရှိ သူများအားလုံးကို အာဏာပိုင်များအနေဖြင့် စုံစမ်းစစ်ဆေးကာ အကြမ်းဖက်ခံ ရသူများနှင့် လူနည်းစုများကိုလည်း အကူအညီများ ပေးသင့်သည်ဟုလည်းဆိုသည်။

ပဋိပက်္ခအပေါ်တွင် ဝေဖန်ခံရမှုများအပေါ် ညွှန်ကြားရေးမှူးတစ်ဦးက “ ဒေသတွေအလိုက်တော့ စီမံ ခန့်ခွဲမှုတွေပြောင်းလဲနေတာရှိတယ်၊ အရင်ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေမှာဆိုရင် ရဲတွေက ရပ်ကြည့်နေ တယ်၊ ဘာမှ မလုပ်ကြ ဘူးလို့ ဝေဖန်ခဲ့ကြတာတွေ ရှိတယ်။ အခုနောက်ပိုင်းမှာ အစည်းအဝေးတွေ ထိုင်ပြီး ဒေသအလိုက် ဖြစ်စဉ်အလိုက် နီးစပ်သူ သက်ဆိုင်ရာလူကြီးတွေက တာဝန်ယူဖို့လုပ်ဆောင်ဖို့တွေ စီမံခန့်ခွဲနေပါပြီ” ဟု ပြောသည်။

အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်အရ အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ် နိုင်ငံတွင်း၌ အခြေအနေကောင်း များ ဖြစ်လာစေရန် ပြည်ထောင်စု အစိုးရအဖွဲ့နှင့်ဒေသအာဏာပိုင်များက လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ တရားမျှတရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ များ ရောက်ရှိရေး၊ ရခိုင်ပြည်နယ် အတွင်း ပြန်လည်သင့်မြတ်ရေးတို့ကိုသာ လုပ်ဆောင်သင့်သည်ဟု တိုက်တွန်းပြော ဆိုသည်။

“အရေးအကြီးဆုံးအနေနဲ့ မွတ်စလင်များကို ဦးတည်တိုက်ခိုက်နေခြင်းနဲ့ မတူ ကွဲပြားပြီး နိုင်ငံ အတွင်းမှာ နေထိုင်ကြ သူတွေ အားလုံးကြားမှာနားလည်ဖို့ အပြန်အလှန် လေးစားဖို့ ငြိမ်းချမ်းစွာနဲ့ အတူယှဉ်တွဲဖို့ကိုဘာသာရေးနဲ့အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တွေရော၊ ပြည်သူတွေရော အားလုံး ကို အကြမ်းဖက်မှုကို မလိုလားကြဖို့ တောင်းဆိုချင်ပါတယ်”ဟု အမေရိကန်သံရုံးက ထုတ်ပြန် ချက်တွင် ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားသော အကြမ်းဖက်မှုများသည် ရဲတပ်ဖွဲ့ဝင်များ၏ ပဋိပက္ခ ဖြေရှင်းမှုစွမ်းရည် အားနည်း မှုကြောင့်ဖြစ်ပြီး ရဲဝန်ထမ်းများ၏ စွမ်းရည်နှင့် ၀န်ဆောင်မှုကို တိုးမြှင့်သင့်ကြောင်း International Crisis Group ၏ အောက်တိုဘာလ ၁ ရက်က ထုတ်ပြန်သည့် အစီရင် ခံစာက ဝေဖန်ထားသည်။

သံတွဲမြို့တွင် စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းက သံတွဲမြို့ မြို့တော်ခန်းမအနီး ဦးကျော်ဇံလှပိုင်သည့် ငပလီ အထွေထွေ အရောင်းဆိုင်ရှေ့တွင် ကိုရဲသီဟ၏ သာသနာ့အလံပါ သုံးဘီးဆိုင်ကယ် ပိတ်ရပ်ရာမှ အပြန်အလှန် စကားများရန်ဖြစ်ခြင်းမှ ပဋိပက္ခများ စတင်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here