Wednesday, October 30, 2013

**ကာချုပ်မင်းအောင်လှိုင်မှ သူမသိလိုက်သော နေပြည်တော် လျှို့ဝှက်စစ်ရေးလေ့ကျင့်မှုအကြောင်း တိတ်တဆိတ် စုံစမ်းလျှက်ရှိ**

0 comments


၃၀.၁၀.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

ကာချုပ်မင်းအောင်လှိုင် က သူမသိလိုက်သော နေပြည်တော် လျှို့ဝှက်စစ်ရေးလေ့ကျင့်မှုအကြောင်း တိတ်တဆိတ် စံစမ်းလျှက်ရှိနေသည်ဟု နေပြည်တော်တီးတိုးသတင်းရပ်ဝန်းမှ သိရသည် ၊

ကာချုပ်မင်းအောင်လှိုင် သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက် နေ့ မနက်ပိုင်းတွင်နေပြည်တော် လေဆိပ်မှ တရုတ်နိုင်ငံ စစ်တပ်၏ ဖိတ်ကြားမှုဖြင့် သွားရောက်လည်ပတ်ခဲ့သည် ၊

ကာချုပ်မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်ကို စစ်ဖက်ဆိုင်ရာ ဖိတ်ကြားမှုဟု ဖော်ပြခဲ့သော်လည်း တရုတ်အဆင့်မြင့်အစိုးရ အရာရှိကြီးများ၏ ဖက်လှည်းတကင်း တွေ့ဆုံနှုတ်ဆက်မှုများက အခြားအဓိပ္ပါယ်တစ်ခုကို ဖော်ပြနေသကဲ့သို့ဖြစ်နေသည် ၊

ကာချုပ်မင်းအောင်လှိုင်ကို တရုတ်သမ္မတ ရှင်ကျင့်ဖျင်ကလည်း တရင်းတနှီးပုံစံဖြင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ပမာ ပြောဆုံဆက်ဆံခဲ့ပါသည် ၊

တရုတ်ပြည်ခရီးစဉ်တလျောက် ကာချုပ်မင်းအောင်လှိုင်အပေါ် တရုတ်တို့၏ ပြောစကားအများစုမှာ နမိတ်ပြအခေါ် အဖွင့်စကားပုံစံ အများစုဖြစ်နေသည်ကိုတွေ့ရသည် ၊

ကာချုပ်မင်းအောင်လှိုင်ခရီးစဉ်ကို ဦးသန်းရွှေမှ စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည် ၊

ကာချုပ်မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်နှင့်ပတ်သတ်၍ အသေးစိပ်အတင်းအချက်အလက်များ ထုတ်ပြန်ရန် အစီအစဉ် မရှိဟု နေပြည်တော် စစ်ရုံးအသိုင်းအဝိုင်းမှ သိရသည် ၊

ထူဆန်းသည်မှာ ကာချုပ်မင်းအောင်လှိုင် မသွားခင် ညက တောင်ငူဘူတာတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး နောက်ရက်များ တွင် မြန်မာပြည်အနှံ့ ဗုံးများ ဆက်လက်ပေါက်ကွဲခဲ့ခြင်းပင်ဖြစ်သည် ၊

ကာချုပ်မင်းအောင်လှိုင်မရှိခိုက် နေပြည်တော် စစ်ရုံးတစ်ဝိုက်တွင် အရေးပေါ်စစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေခဲ့သည် ၊

အရေးပေါ် စစ်ရေးလေ့ကျင့်မှုကို နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တပ်ရင်းတပ်ဖွဲ့များ အများဆုံးပါဝင်ခဲ့သည်ဟုသိရသည် ၊

အဆိုပါ တိတ်တဆိတ် စစ်ရေးလေ့ကျင့်မှုကို ဦးသန်းရွှေ၏ သမီးတော်များမှ ဦးစီဆောင်ရွက်ခဲ့သည် ဟုလည်း သတင်းများ ထွက်ပေါ်လာခဲ့သည် ၊

အဆိုပါစစ်ရေးလေ့ကျင့်မှုကို အောင်မြင်စွာ ဦးစီးဆောင်ရွက်နိုင်ရန် ဦးအောင်သောင်း နှင့် ဦးတင်အေးတို့မှ သမီးတော်များကို လိုလေသေးမရှိအောင် ပံ့ပိုးကူညီခဲ့သည်ဟုလည်း သိရသည် ၊

ကာချုပ်မင်းအောင်လှိုင် တရုတ်ပြည်မှ ပြန်ရောက်ပြီး နောက်ပိုင်းရက်များအထိ ကာချုပ်မင်းအောင်လှိုင်ထံသို့ အဆိုပါ စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သတ်သော အစီခံစာ ရောက်ရှိမလာခဲ့ဟုသိရသည် ၊

ယခုအခါ ကာချုပ်မင်းအောင်လှိုင်ဖက်မှ အဆိုပါစစ်ရေးလေ့ကျင့်မှုကို တိတ်တဆိတ် ပြန်လည် စုံစမ်းမှုများ စတင်ဆောင် ရွက်နေ သည်ဟု တီတိုးသတင်းများ ထွက်ပေါ်လာသည် ၊

သီတင်းကျွတ် ဂါရဝပြုရာတွင် ဦးသန်းရွှေမှ သမ္မတဦးသိန်းစိန် နှင့် ကာချုပ်မင်းအောင်လှိုင်တို့ နှစ်ယောက်ကို သီးသန်းခေါ် ယူတွေ့ဆုံ၍ ဆူပူပြစ်တင်ကြိမ်းမောင်းခဲ့သေးသည်ဟုသိရသည် ၊

သတင်းများရရှိပါက ထပ်မံဖော်ပြပေးပါမည် . . .

Search Myanmar

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here