Wednesday, October 23, 2013

ပြည်နယ်လွှတ်တော်အမတ်များ ဌာနဆိုင်ရာ ဒေသခံများနှင့် တွေ့ဆုံ

0 comments


23-10-2013

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခမ်းမှတ်သည် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲတစ်ရပ်ကို အောက်တိုဘာ ၂၂ရက်တွင် ကျင်းပပြု လုပ်ခဲ့သည်။

“ကျွန်တော်က မဲဆန္ဒရှင် မိဘပြည်သူတွေရဲ့ ရှေ့မှာထိုင်ပြီး စကားပြောဖို့လာတာ မဟုတ်ပါဘူး။ မိဘပြည်သူတွေရဲ့ အသံတွေကို နားထောင်ပြီး မိဘပြည်သူကခိုင်းတဲ့အတိုင်း ဆောင်ရွက်ပေးဖို့ လာရောက်ခြင်း ဖြစ်ပါတယ်။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒကို လွှတ်တော် က ပြည်သူ အသံ၊ ပြည်သူ့ဆန္ဒအတိုင်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ပြည်သူ့အသံကို နားထောင်ဖို့ ဖြစ်တဲ့ အတွက် ကျွန်တော်က လမ်းဖွင့်ပေးထားခြင်း ဖြစ်ပါတယ်”ဟု ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစိုင်းခမ်းမှတ်က ပြောသည်။

ယင်းတွေ့ဆုံပွဲမှ သိရှိကြားသိရသော အကြောင်းအချက်အလက်များကို မိမိပတ်ဝန်းကျင်ရှိ မြို့သူ/ သား၊ ပြည်သူတွေကို လက်ဆင့်ကမ်းပြီး တဆင့်စကားတဆင့်နား ဆိုသလို နားထောင်၍ သေချာ စမ်းစစ်လေ့လာပြီး ဖြန့်ဝေသင့်ကြောင်းကို ၎င်းကဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ လားရှိုးပြည်သူတွေရဲ့ ဆန္ဒနဲ့ အကြံပြုစာတွေကို မိမိပြင်ဆင်လိုသည့် အချက်အလက်တွေ ကို စာနဲ့တစ်ကွ ပူးတွဲပြီး အချက်အလက်စုံလင်စွာနဲ့ တင်ပြစေ လိုပါတယ်။ ကောင်းနိုး ရာရာတွေ ရွေး ထုတ်ပြီး အကြံပြုပေးစေခြင်ပါတယ်။ အားလုံးကို ပြောင်းမယ်ဆိုရင် အချိန်အကြာကြီး ယူရမှာမို့ လိုအပ် ချက်တွေ ကိုပဲ ကျွန်တော်ကတဆင့် လွှတ်တော်အထိ ယူဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကြူက ပြောသည်။

ဆက်လက်၍ လားရှိုးရှိ ၀န်ထမ်းအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်သွားမယ်လျှင် လားရှိုးမြို့သည် အေးချမ်းသာယာ လှပသည့်မြို့တစ်မြို့ ဖြစ်မည်မှာသေချာကြောင်း ဆက်လက်ပြော ကြားခဲ့သည်။ ၎င်းအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ တက်ရောက် ခဲ့ကြသည်။

“ကျွန်တော်က ဆုံကွယ်ကျေးရွာက အုပ်ချုပ်ရေးမှူး ပါဒီကျေးရွာမှာ ကျွန်တော်လျှပ်စစ် မီး ရအောင် ဆောင်ရွက်ပြီးပြီး၊ ဓမ္မာရုံတစ်ဆောင်၊ တံတားတစ်စင်း ဆောင်ရွက်ပြီးပါပြီ။ လျှပ်စစ်မီးကို ကိုယ်ထူကိုယ်ထ အနေနဲ့ တစ်အိမ်ကို ငါးသိန်းနဲ့ အိမ်ခြေနှစ်ရာရှိပါတယ်။ မီးကတော့လင်းသွားပြီ။ အခုကျတော့ လေလွင့်မီတာခဆိုပြီးတော့ တစ်လကိုနှစ်သိန်းကျော် ပေးဆောင်နေရပါတယ်။ ဒါကိုရပ်မိရပ်ဖတွေကပြောတော့ ကျွန်တော်လည်း မရှင်းတတ်လို့ ဒုဥက္ကဋ္ဌအနေနဲ့ အကြံပေးစေခြင် ပါတယ်”ဟု ဆုံကွယ်ကျေးရွာအုပ်ချုပ်ရေးမှုးက ပြောသည်။

ဆက်လက်၍ သိန်းနီလမ်းမကြီးမှ ဆုံကွယ်ရွာသို့ ၀င်ရောက်သော ကျောက်ခင်းလမ်းအား ကတ္တရာလမ်း ခင်းပေးမည်ဆိုလျင် ပြည်သူများ အလွန်ဝမ်းသာမည်ဖြစ်ကြောင်း ပြောကြားပြီး တက်ရောက်လာကြသော စီးပွားရေး လုပ်ငန်းရှင်များမှလည်း ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

စိုးမင်းနိင်၊ ထွန်းထွန်း(လားရှိုး)
မြန်မာခေတ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here