Wednesday, October 2, 2013

ခွင့်ပြုမိန့်မရှိ ဆောက်လုပ်ထားသည့် ကန်ထရိုက် ၁၀၀၀ ကျော် တရားဝင်ဆောက်လုပ်နိုင်ရန် စည်ပင်က ဆောင်ရွက်ပေးမည်

0 comments
2.10.2013

 ရန်ကုန် မြို့တော်စည်ပင်မှ ခွင့်ပြုမိန့် ပါမစ် မရှိဘဲ ဆောက်လုပ်ခြင်းကြောင့် အရေးယူထားသည့် ကန်ထရိုက် တိုက် ၁ဝဝဝကျော်ကို တရားဝင် ဆောက်လုပ်ခွင့်ရရှိနိုင်ရန်အတွက် လက်ခံဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ခွင့်ပြုချက်မရှိ ဘဲ ဆောက်လုပ်သည့် ကန်ထရိုက် ၁၀၀၀ ကျော်နှင့် ယင်းတို့ဆောက် လုပ်ဆဲတိုက်များအား ရပ်ဆိုင်း ထားရန် အရေးယူထားခြင်းဖြစ် ပြီး ယခုအခါတွင် အဆိုပါ ကန်ထ ရိုက်တိုက်များ ၏ဆောက်လုပ် ရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နိုင်ရန်အတွက် စီမံ ချက်အနေဖြင့် ဒဏ်ကြေးများသတ် မှတ်ကာ တရားဝင်ဆောက်လုပ် ခွင့်များ ပြန်လည်ပြု လုပ်ပေးနေ ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင် နီယာဌာန (အဆောက် အအုံ) မှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

ယင်းက ''ခွင့်ပြုချက်မရှိဘဲ ဆောက်လို့ အရေးယူထားတဲ့ ကန် ထရိုက်တိုက်တွေ ထဲမှာ တချို့မြေ ပိုင်ရှင်တွေက ဆောက်လုပ်ခွင့် ရှိတယ်၊ မရှိဘူးဆိုတာ နားမလည် တော့ ကန်ထရိုက်တွေနဲ့ အကျိုး တူဆောက်ကြတယ်။ သူတို့ကို ငဲ့ ညှာတဲ့အနေနဲ့ အထောက်အထား အပြည့်အစုံနဲ့ပြန်လျှောက်ရင် ဒဏ်ငွေ ရိုက်ပြီး ခွင့်ပြုပေး တယ်။ နောက်ထပ်ပါမစ်မရှိဘဲ အသစ် ထပ်ဆောက်တဲ့ တိုက်တွေ ကိုတော့ ပြန်ဆောက်ခွင့်ပြုမှာမဟုတ်ဘူး''ဟု ပြောသည်။

ဒဏ်ကြေးအဖြစ်ပေးဆောင် ပြီးသည့် ကန်ထရိုက်များနှင့် တိုက် ခန်းများကို ရန်ကုန်မြို့တော်စည် ပင် သာယာရေးကော်မတီမှ နေ ထိုင်ခွင့်ပြုသွား မည်ဖြစ်ပြီး တည် ဆောက်စဉ်ကာလအတွင်း အ ရည်အသွေးစစ်ဆေးရေး အဖွဲ့နှင့် စစ်ဆေးသွားမည်ဖြစ်ကာ သတ် မှတ်အရည်အသွေးမပြည့်မီသည့် ကန်ထရိုက် တိုက်များကို ဆောက် လုပ်ခွင့်ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ ယင်းအပြင် ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်သည့် ကန်ထရိုက် တိုက်များအား လျှပ်စစ်မီးနှင့်ရေ ပိုက်လိုင်းများ တပ်ဆင်ခွင့်ပေး မည်မဟုတ်ကြောင်း ယင်းကထပ် မံပြောသည်။ယင်းကဲ့သို့ တရားဝင် ဆောက်လုပ်ခွင့် ပါမစ် မရှိဘဲ ဆောက်လုပ်ထားသော ကန်ထ ရိုက်တိုက်များအား ဒဏ်ကြေးအ ဖြစ်သတ်မှတ်ရာတွင် အတိအကျ သတ်မှတ်ထားခြင်းမရှိဘဲ မြို့နယ် နှင့် မြေနေရာအကျယ်အဝန်းများ အလိုက်သတ်မှတ်ကာ ဒဏ်ကြေး များပေးဆောင်ရကြောင်း ကန်ထ ရိုက်တိုက်ဆောက်လုပ်ရေးအကျိုး ဆောင် ဦးတေဇာက ပြောသည်။

ဦးတေဇာက ''ကန်ထရိုက် တိုက်ဆောက်မယ်ဆိုရင် မြေပိုင် ရှင် အထောက်အထား၊ ကုမ္ပဏီ လိုင်စင်၊ (ူဃ)ရ အင်ဂျင်နီယာရဲ့ ခွင့်ပြုချက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနဲ့ ပတ်ဝန်းကျင် အိမ်တွေရဲ့ သဘောတူလက်မှတ် တွေပါမှ ခွင့်ပြုတာ။ ခွင့်ပြုမိန့် မရှိဘဲဆောက်လုပ်တဲ့ ကန်ထရိုက် တွေ ဆက်တည်ဆောက်ခွင့် လျှောက် ရင် မြို့နယ်နဲ့ မြေနေရာ အကျယ် အဝန်းအလိုက် တစ်ပေပတ်လည် ကို ကျပ် ၇၂ဝသတ်မှတ်ပြီး အဆ ၂ဝနဲ့ပြန်မြှောက်လို့ ထွက်လာတဲ့ ပမာဏငွေကို ဒဏ်ကြေးငွေ အဖြစ် ပေးဆောင် ရတယ်''ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အ တွင်း တရားဝင်ဆောက်လုပ်ခွင့် ပါမစ်မရှိဘဲ ဆောက် လုပ်ခြင်း ကြောင့် အရေးယူထားသည့် ကန် ထရိုက်တိုက် ၁၀၀၀ ကျော်တွင် သင်္ဃန်းကျွန်းမြို့နယ်၌ အရေး ယူထားသည့်တိုက်ပေါင်း ၅၁၅ လုံးပါဝင်ပြီး ဒုတိယအများဆုံးမှာ လှိုင်မြို့နယ်မှဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အ ဆောက်အအုံ)မှ သိရသည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here