Sunday, October 20, 2013

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဇုန်အဖြစ် တည်ထောင်မည့် သံတွဲဟိုတယ်ဇုန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်မည်

0 comments

                                         ငပလီကမ်းခြေ တစ်နေရာအား တွေ့ရစဉ်
  Sunday, October 20, 2013

ပြည့်စုံသော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဇုန်အဖြစ် တည်ထောင်မည့် သံတွဲဟိုတယ်ဇုန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ပြောကြားသည်။

ယင်းသို့ပြုလုပ်ရခြင်းမှာ နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်များ ပါဝင်ခဲ့သည့်အပြင် နိုင်ငံတော်မှ သံတွဲဟိုတယ်ဇုန် (ငပလီ) ကမ်းခြေ ဖွံ့ဖြိုးရေးအတွက် ငွေငါးဘီလျံ ချထားပေးခဲ့ကြောင်း သိရသည်။

"သမ္မတကြီးကတော့ ငပလီကမ်းခြေကို ဘာလီလို ဖြစ်ချင်တယ်လို့ သိထားရတယ်။ နောက်ပြီး အဆောက်အအုံတွေက ဒီအတွက် အဓိက လိုအပ်ချက် ဖြစ်တယ်။ အဲဒီအတွက် ဟိုတယ်ဝန်ကြီး ဌာနပိုင်းကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ပေးသွားမှာပါ" ဟု ဦးအောင်ဇော်ဝင်း က ပြောကြားသည်။

ယင်းသို့ ပြည့်စုံသော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဇုန်အဖြစ် တည်ထောင်မည့် သံတွဲဟိုတယ်ဇုန် (ငပလီ) ကမ်းခြေအတွက် အပိုင်းနှစ်ပိုင်း ခွဲခြားထားပြီး တစ်ပိုင်းတွင် ပြည်နယ်အစိုးရမှ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရမည်ဟု ပါဝင်ထားသည်။

သံတွဲဟိုတယ်ဇုန်အတွက် မြို့ပြဆိုင်ရာနှင့် ကမ်းခြေစီမံကိန်းရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များ အတွက် ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစပြီး သံတွဲဟိုတယ်ဇုန်ကို စတင်လုပ်ကိုင်မည်ဖြစ်ပြီး မြောက်ဦး ဟိုတယ်ဇုန်ကိုလည်း ၂၀၁၅ မတိုင်မီ အပြီးသတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံသို့ ခရီးသွား ၀င်ရောက်မှုနှုန်းမှာ အရှေ့တောင်အာရှ နိုင်ငံများတွင် အမြင့်ဆုံး အဆင့် သို့ ရောက်ရှိနေသည့်အပြင် နောင်လာမည့် နှစ်များအတွက် နိုင်ငံခြားသား ခရီးသွားဧည့်သည် သုံးသန်းအထိ လာရောက်မည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ယင်းအတွက်လည်း နိုင်ငံခြားသား ခရီးသွား အလည်အပတ် များနေသော ဒေသများဖြစ်သည့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် ဟိုတယ်ဇုန်များ အသစ်ထပ်မံတိုးချဲ့ခြင်း၊ ဖော်ထုတ်ခြင်းနှင့် ရန်ကုန်တွင်လည်း ဟိုတယ်များကို တိုးချဲ့မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here