Sunday, October 20, 2013

ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပြည်ပရင်းနှီး မြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မှတ်ပုံတင်ထားသည့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ ၁၅၇ ခုထိ ရှိလာ

0 comments

တနင်္သာရီတိုင်း ဒေသကြီးအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ်

  Sunday, October 20, 2013

ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပြည်ပရင်းနှီး မြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မှတ်ပုံ တင်ထားသည့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီမှာ အောက်တိုဘာ ၁၇ ရက်အထိ ၁၅၇ ခု ရှိပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။

မြန်မာထိပ်တန်း စီးပွားရေး လုပ်ငန်းများဖြစ်သော ရွှေတောင်၊ ဧဒင်နှင့် IGE ကုမ္ပဏီတို့ အပါအ၀င် မြန်မာ ကုမ္ပဏီ ၁၅၀ ကျော် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် မှတ်ပုံတင်ပြီးဖြစ်ကြောင်း သိရသည်။ ကမ္ဘောဇ၊ အေ၀မ်း၊ ပတ္တမြားနဂါး၊ တာမိုးညဲချမ်းသာ အစရှိသည့် ကုမ္ပဏီများလည်း မှတ်ပုံ တင် ထားကြောင်း သိရသည်။ နောက်ဆုံးမှတ်ပုံတင်ထားသည့် ကုမ္ပဏီ အချို့မှာ Bandoola Myanmar Limited နှင့် Inn Pauk Wa ကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်းတွင်းလုပ်ကွက် ၁၈ ကွက်ကို တင်ဒါခေါ် ယူခဲ့ပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီများ လျှောက်ထားခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ကွက်များအား လုပ်ကိုင်ခွင့် ရရှိခဲ့သည့် နိုင်ငံများမှာ အိန္ဒိယ၊ အီတလီ၊ ပါကစ္စတန်၊ ဘရူနိုင်း၊ မလေးရှား၊ ကနေဒါ၊ လူဇင်ဘတ်၊ ရုရှား၊ ထိုင်းနှင့် British Virgin Islands နိုင်ငံတို့မှ လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး အိန္ဒိယ၊ အီတလီ၊ ပါကစ္စတန်၊ British Virgin Islands၊ မလေးရှားနှင့် ကနေဒါနိုင်ငံတို့မှ လုပ်ကွက်နှစ်ကွက်စီဖြင့် ၀င်ရောက်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့က အကျိုးအမြတ် ပိုမိုရရှိစေရန် ကုန်းတွင်း၊ ကမ်းဝေး ရှာဖွေရေးပိုင်းကို အားစိုက်ဆောင်ရွက်ရန် ပြင်ဆင်နေပြီး ကမ်းလွန်ရေနံ ရှာဖွေရေး လုပ်ငန်းကို အသွင်ပြောင်း ဖွဲ့စည်းရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံခြား ကုမ္ပဏီများအကြား အကျိုးတူ ဆောင်ရွက်သည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဆိုင်ရာ လုပ်ငန်းများအတွက် ပို့ကုန်/သွင်းကုန် လိုင်စင်လျှောက်ထားခြင်းကို ကင်းလွတ် ခွင့်ပေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄ ဘီလျံကျော်ရှိကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here