Saturday, October 12, 2013

မြန်မာနိုင်ငံ အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

0 comments


ရန်ကုန် အောက်တိုဘာလ ၁၂

မြန်မာ - ထိုင်းနှစ်နိုင်ငံ အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၉ နာရီတွင် ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ ကျင်းပ လျက်ရှိသည်။

အဆိုပါ အစည်းအဝေးသည် ထိုင်းနိုင်ငံ တွင် ပြည်ဝင်ဗီဇာ သက်တမ်း ( ၄ )နှစ် ပြည့်ပြီးသော မြန်မာ အလုပ်သမားများ အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ၊ One Stop Services Center နေရာများ သတ်မှတ်နိုင်ရန် ကိစ္စရပ်များ ၊ ရေလုပ်သားများအား အထောက်အထား ထုတ်ပေးရေးကိစ္စ ၊ အလုပ်သမားအသစ်များ စေလွှတ်ရေးနှင့် ပတ်သတ်၍ နှစ်နိုင်ငံ အသိအမှတ်ပြုတရားဝင်အေဂျင်စီ များဖြင့် သာ ဆောင်ရွက်ရန်ကိစ္စ စသည်တို့ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။

ယင်းဆွေးနွေးပွဲသို့ အလုပ်သမား အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန မှ သက်ဆိုင်ရာ အဖွဲ့ဝင်( ၂၅ )ဦး နှင့်ထိုင်းနိုင် ငံ အလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အဖွဲ့ဝင် ( ၂၆ )ဦး တက်ရောက်ခဲ့သည်။

ခိုင်နွယ်ဦး

Popular Myanmar News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here