Thursday, October 3, 2013

ရှမ်းပြည်နယ်(တောင်ပိုင်း) လုပ်ငန်းညှိနှိုင်းအစည်းအဝေး

0 comments






၂၀၁၃ ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့ နေ့လည်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ၊ ပြည်နယ်အင်ဂျင်နီယာမှူးကြီးရုံး စုဝေးခန်းမဆောင်၌ ပြုလုပ်သော လုပ်ငန်း ညှိနှိုင်း အစည်း အဝေး သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် ၊ ပြည်နယ်အင်ဂျင်နီယာမှူးကြီး ၊ ဒုတိယအင်ဂျင်နီယာမှူးကြီးများ ၊ ခရိုင်အင်ဂျင်နီယာမှူးများနှင့် မြို့နယ်/ မြို့နယ်ခွဲအင်ဂျင်နီယာများ ၊ အရာ ထမ်း ၊ အမှုထမ်းများ တက်ရောက်ကြပါသည် ။ အစည်းအဝေးတွင် ရှေးဦးစွာ ဝန်ထမ်းများက တစ်ဦးချင်း မိတ်ဆက် စကားပြောကြားခဲ့ပြီး ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပါသည် ။ ၄င်းနောက် ပြည်နယ် အင်ဂျင်နီယာမှူးကြီး ဦးတိုးခိုင် မှ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ လုပ်ငန်းဆောင် ရွက်မှုများနှင့်ပက်သက်၍ ဝန်ထမ်းအင်အား ၊ စက်ယာဉ်ယန္တရားအင်အား ၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စုဆောင်းထားရှိမှု ၊ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး တံတားဆောက် လုပ်ရေးစီမံကိန်း အထူးအဖွဲ့(၃) ၊ တံတားဆောက်လုပ်ရေးစီမံကိန်း အထူးအဖွဲ့(၄) ၊ အဆောက် အဦဆောက်လုပ်ရေးစီမံကိန်း အထူးအဖွဲ့(၁) ၊ တောင်ကြီးခရိုင် ၊ လွိုင်လင်ခရိုင် ၊ လင်းခေးခရိုင် ၊ လမ်းဆောက်လုပ်ရေးစီမံကိန်း အထူးအဖွဲ့(၁၃) ၊ အထူး စီမံကိန်းကြီးအဖွဲ့ခွဲ(၅) ၊ လေယာဉ် ကွင်း အထူးအဖွဲ့(၁)တို့မှ တာဝန်ရှိသူများက မိမိတို့တာဝန်ယူု ဆောင်ရွက် နေကြသည့် အပိုင်းများအလိုက် တည်ဆောက်ရေး ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အသီးသီး ရှင်းလင်းတင်ပြကြပါသည် ။ ရှင်းလင်း တင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် မှ လုပ်ငန်းများ မှန်ကန်စေရေး ၊ အချိန်မီပြီးစီးစေရေး ၊ စံချိန်စံညွှန်းပြည့်မီစေရေးနှင့် အခြားသောလုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန် မှာကြားခဲ့ပါသည် ။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here