Thursday, October 3, 2013

ခိုးသွင်းကား ၃ စီး အပါအ၀င် ဆိုးကျိုးဖြစ်စေတဲ့အစားအသောက်များ၊ တရားမ၀င်ကုန်နှင့်ယာဉ်ဝင်ရောက်မှု မွန်ပြည်နယ်၌ Mobile Team ဖွဲ့စည်း၍ဖမ်းဆီးအရေးယူနေပြီ

0 comments


03.10.2013
 
မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ထိုင်းနိုင်ငံမှတရားမ၀င်ကုန်ပစ်္စည်းများ၊ မော်တော်ယာဉ် များတင်သွင်းခြင်း၊ တင်ပို့ခြင်းများ ကို မွန်ပြည်နယ်အတွင်း Mobile Teamဖွဲ့စည်း၍ ၂၄နာရီ စစ်ဆေးကာ ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။ မွန်ပြည်နယ်ရဲတပ်ဖွဲ့၏ ကွပ်ကဲမှုနယ်မြေ အတွင်းသို့တရားမ၀င်ယာဉ်/ကုန်ပစ်္စည်းနှင့်ကုန်ပစ်္စည်းအတုများ မ၀င်ရောက် စေရန် ရည်ရွယ်၍ မော် လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှဦးစီးပြီး ယာဉ်ထိန်းရဲများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး၊ အကောက်ခွန် ဦးစီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ စုစုပေါင်း အင်အား (၂၅)ဦးဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ Mobile Team ဖွဲ့စည်းပေးကာ စစ်ဆေးမှုပြုလုပ်နေခြင်းဖြစ်သည်။ ထို့သို့စစ်ဆေးရာတွင် မွန်ပြည်နယ်အ၀င်အထွက်လမ်းများကို ၂၄ နာရီ စစ်ဆေးဖမ်းဆီးအရေးယူဆောင်ရွက်နေကြောင်း တစ်စုံတစ်ရာ ညွှန်ကြားချက်မရမချင်း အကန့်အသတ်မရှိ ဆက်လက်လုပ်ဆောင်နေမည်ဟု အဆိုပါအဖွဲ့မှသိရှိရသည်။

“ကုန်ပစ်္စည်းတွေ၊ ယာဉ်တွေကိုသေချာစစ်ဆေးပြီးမှ ဖြတ်သန်းခွင့်ပြုတာတွေ့ရတယ်။ အချို့လိုင်စင်မဲ့ကုန်တွေ၊ ယာဉ်တွေကို ဖမ်းဆီးတာတွေရှိတယ်။ ဒါပေမယ့် ကျွန်တော်မျက်မြင်တစ်ခုပေါ့။ လူနှစ်ယောက် လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီးကို ဖမ်းထားတယ်။ အဲ့ဒီလူနှစ်ယောက်က ဖုန်းဆက်နေတာ တွေ့ရတယ်။ ခဏနေတော့ သံဃာတော် တစ်ပါးက လာထုတ်သွားတယ်။ ဘာသာရေးအရဆိုတော့ တာဝန်ရှိသူတွေ ဆောင်ရွက်ရတာ ခက်ကုန်တာကိုတွေ့ရတာပါ။ ဒါမျိုးလေးတွေကိုတော့ ပြည်သူတွေ ဘက်ကလည်း အသိတရားရှိရှိဥပဒေကိုလိုက်နာဖို့လိုပါတယ်။ အသေးအဖွဲ ကိစ္စလေးဆိုပေမယ့် ဒီလို ကတော့ မကောင်း ပါဘူး”ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုမင်းမောင်ကပြောသည်။

ယခုကဲ့သို့လုပ်ဆောင်ခြင်းမှာကောင်းမွန်သော်လည်း တခြားတစ်ဖက်မှကြည့်လျှင် ထိုသို့ စစ်ဆေးဆောင်ရွက်ရာ၌ တပ်မတော်မှကားများဝင်ရောက်လာလျှင် စစ်ဆေးခြင်းမရှိဘဲ လွှတ်ပေး လိုက်သည်များလည်းရှိနေကြောင်း၊ ပြည်သူများ အတွက် အမြင်မကြည်လင်စရာဖြစ်နေကြောင်း၊ ပြည်သူ များအနေဖြင့်လည်း တာဝန်ဆိုသည်ကို နားလည်ပေး သင့်ကြောင်း ဒေ သ ခံတို့ထံ ကသိရှိရသည်။

“လက်ရှိအနေအထားအရအခက်အခဲတော့သိပ်မရှိဘူး။ ဒါပေမယ့် ပြည်သူတွေအမြင် မှာက သူတို့ ကို နှောင့်နှေး အောင် လုပ်တယ်ပဲ ထင်နေတယ်။ ဥပဒေအတိုင်းဆောင်ရွက်နေတာဆိုတော့ ဒါလေးတော့ နားလည်မှု ရှိပေးစေချင်တယ်။ အခု စက်တင်ဘာ ၂၇ ရက်ကစပြီး ဆောင်ရွက်နေတာ လိုင်စင်မဲ့ကား(၃)စီးတော့ ဖမ်းဆီးထားပြီ။ ကုန်ပစ်္စည်းတွေတော့ မမိသေးဘူး။ အဓိက ထိုင်းဘက်က ၀င်တာတွေပေါ့။ တရားမ၀င်တာတွေအပါအ၀င်ပြည်သူလူထုအတွက် ဆိုးကျိုးဖြစ်စေနိုင်တဲ့ အစား အသောက်တွေရောအားလုံးကို စစ်ဆေးဆောင်ရွက်နေပါတယ်”ဟု မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် တင်မျိုးဇော်ကပြောသည်။

မွန်ပြည်နယ်သည် ထိုင်းနိုင်ငံနှင့် နီးကပ်နေသောပြည်နယ်တစ်ခုဖြစ်သကဲ့သို့ ထိုင်းနိုင်ငံမှ တရားမ၀င်ကုန်ပစ္စည်းများ ၊ မော်တော်ယာဉ်များအများဆုံးဝင်ရောက်ရာ ပြည်နယ်တစ်ခုဖြစ်ပြီး ယခု ကဲ့သို့ Mobileအဖွဲ့ထားရှိစစ်ဆေးခြင်းသည် မွန်ပြည်နယ် အတွက် ပထမဦးဆုံးဖြစ်ပြီး တရား မ၀င်ကုန်စည် အတွက်အဟန့်အတားဖြစ်သွားနိုင်သလို တရားမ၀င်ကုန် ပစ်္စည်းဈေးကွက်အတွင်း ဈေး နှုန်းများမြင့်တက်လာနိုင်သည်ဟု ဒေသခံတို့ကသုံးသပ်ပြောဆိုလျက်ရှိသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here