Wednesday, October 30, 2013

မြန်မာ-အန်္ဒိယ ကုန်သွယ်လမ်းပျက်စီးနေခြင်းကြောင့် ရေလမ်းကြောင်းတွင် ခရီးသည်သုံးဆမြင့်တက်

0 comments
30.10.2013

ကိုတိုးကြီး

စစ်ကိုင်းတိုင်း ကလေးဝမြို့မှ တမူးနှင့် ချင်းတောင်ဒေသများအထိ ယခုရက်ပိုင်းအတွင်း တောင်ပေါ်လမ်း များပျက်ဆီးနေခြင်းကြောင့် ရေကြောင်းပို့ဆောင်ရေးတွင် ခရီးသည်သုံးဆခန့်မြင့်တက်လာကြောင်း စစ် ကိုင်းတိုင်းရေယာဉ်များ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ရွှေက မဇ္ဈိမကိုပြောသည်။

မြန်မာ- အန်္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေးလမ်းကြောင်း တစ်နေရာဖြစ်သော မုံရွာ-ပုလဲ-ဂန့်ဂေါလမ်း မကြီးတွင် အောက်တိုဘာလ ၂၁ရက်မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းသောကြောင့် လမ်းများပျက် ဆီးခဲ့ရသည်။ ထိုသို့လမ်းပျက်ဆီးပြီး ကားလမ်းကြောင်းပိတ်ဆို့မှုများ ဖြစ်ပွားခြင်းကြောင့် ချင်းတွင်းမြစ်အ တွင်း ရေလမ်းခရီးကို အားထားလာရခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ မုံရွာဆိပ်ကမ်းမှ ခရီးသည်တင်အမြန်ရှပ်ပြေး ရေယာဉ်ကြီးများသည် နေ့စဉ် မနက် ၄ နာရီ မှစတင်ပြေးဆွဲလျက်ရှိသည်။ ယခုရက်ပိုင်းအတွင်း ရေယာဉ်၌ စီးနင်းလိုက်ပါသော ခရီးသည်တစ်ချို့ မှာ တောင်ပေါ်လမ်း၌ ခရီးစရိတ်ပြတ်လတ်ခဲ့သူများဖြစ်သည်။

“တချို့ ခရီးသည်တွေက မော်တော်ခမပြောနဲ့ သူတို့စားသောက်ဖို့ကို ပိုက်ဆံမရှိကျတော့ဘူး” ဟု မုံရွာ-ကလေးဝ- မော်လိုက်-ဖောင်းပြင်-ဟုမ္မလင်း ခရီးသည်သယ်ယူပို့ဆောင်ရေး ရှပ်ပြေးအမြန်ရေယာဉ် ဂိတ် မှူးက မဇ္ဈိမကိုပြောသည်။

အိန္ဒယ - မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းသည် ပွင့်လင်းရာသီကာလများတွင် မုံရွာ - ယာကြီး - က လေးလမ်းမကြီးမှ ပြေးဆွဲလေ့ရှိသော်လည်း မိုးရာသီကာလတွင် ထိုလမ်းမကြီးသည် တောင်ပေါ်မြေ သား လမ်း ပျက်စီးခြင်းကြောင့် ပြေးဆွဲမရနိုင်ဘဲ မုံရွာ - ပုလဲ - ဂန့်ဂေါလမ်းမှ ပြေးဆွဲရခြင်းဖြစ်သည်။ ယခုအခါ မုံရွာ - ပုလဲ- ဂန့်ဂေါလမ်းလည်း ထပ်မံပျက်စီးကာ ပိတ်ဆို့နေခြင်းဖြစ်သည်။ ထိုလမ်းမကြီးပေါ်တွင် အောက်တိုဘာလ ၂၁ရက်မှ ၂၇ရက်အထိ လမ်းပျက်စီးခြင်းကြောင့် ကုန်တင်ကားကြီး ၁၅၀ခန့် ပိတ်ဆို့ နေခဲ့သည်။


Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here