Thursday, October 3, 2013

နတ်မော်ကယ် ကျောက်မီးသွေးစက်ရုံကို ကန့် ကွက်သည့် ပန်ကြားလွှာ အောက်တိုဘာလဆန်းတွင် သမ္မတထံ ပို့ မည်

0 comments
03.10.2013

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဝမြို့ နတ်မော်ကယ်ကျေးရွာ အနီးတွင် ကျောက်မီးသွေးဓါတ်အားပေး စက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ဒေသခံများက ကန့်ကွက်သည့် ပြည်သူ့ပန့်ကြား လွှာ ကို အောက် တိုဘာ လဆန်းတွင် သမ္မတထံ ပေးပို့မည်ဖြစ်သည်ဟု ကလေးဒေသခံ ကျူရှင်ဆရာ တစ်ဦးဖြစ်သူ ဦးမြင့်သိန်းက အောက်တိုဘာ ၁ ရက်တွင် မဇ်္ဈိမသို့ ပြောသည်။

ယင်းသို့ ကန့်ကွက်သည့် ပန်ကြားလွှာ ပေးပို့နိုင်ရန် စက်တင်ဘာ ၂၉ ရက်က ကလေးဝမြို့၊ မထုကျေးရွာ ဘုန်းကြီးကျောင်းတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီး ယင်းအစည်းအဝေးသို့ အထက် ချင်းတွင်း လူငယ်ကွန်ရက်များ၊ သံဃာတော်များ ဦးဆောင်က လူ ၄၀၀ ခန့် တက်ရောက်ခဲ့သည်ဟုလည်း ဦးမြင့်သိန်းကပြောသည်။

၎င်းက “စက်ရုံရဲ့ ဆိုးကျိုးတွေကို ရှင်းပြပြီးတော့ လုံးဝ လက်မခံနိုင်ဘူးလို့ ဆုံးဖြတ်တယ်။ သူတို့ ဆက်လုပ်ရင် ဆန္ဒဖော်ထုတ်ပွဲတွေ လုပ်မယ်။ သမ္မတဆီ ပန်ကြားလွှာပို့မယ် အောက်တိုဘာ ပထမ အပတ်မှာ ပို့မယ်” ဟု ပြောသည်။

ကန့်ကွက်ရသည့် အဓိက အကြောင်းအရင်းမှာ သဘာဝပါတ်ဝန်းကျင် ပျက်စီးမည့်အရေး၊ ယင်းဒေသရှိ ကြက်တူရွှေးတောင် ပျက်စီး မည့်အရေး၊ လယ်မြေ အမြောက်အမြားပျက်စီးမည့်အရေးနှင့် စက်ရုံမှ ထွက်ရှိလာသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့များကြောင့် လူများ ကျန်းမာရေး ထိခိုက်မည်ဖြစ်ခြင်း စသည်တို့ကြောင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟုလည်း ၎င်းကမဇိ္ဈမကို ရှင်းပြသည်။

လက်ရှိတွင် ကလေးဝမြို့နယ် အတွင်းရှိ မထု၊ နတ်မော် ကယ်၊ ယောစုကျေးရွာ အုပ်စုများမှ ပြည်သူ့ ပန်ကြားလွှာ အတွက် လက်မှတ်များ ကောက်ခံလျက်ရှိသည် ဟုလည်း လက်မှတ် လိုက်လံ ကောက်ခံ သူများက ဆိုသည်။

ပန်ကြားလွှာပေးပို့ရန် ဆောင်ရွက်နေသည့် လူငယ်ကွန်ရက်တာဝန်ခံ ကိုကျော်သက်ဝင်းက “နိုင်ငံတကာ မှာကျောက်မီးသွေးစက်ရုံတွေ လျှော့ချနေတဲ့အချိန်မှာ ကျောက်မီးသွေးစက်ရုံရဲ့ ဆိုးကျိုးတွေကြောင့် မလုပ်သင့်ဘူးလို့ သမ္မတကို ပန်ကြားမှာပါ” ဟု ပြောသည်။

ကျောက်မီးသွေးဖြင့် လျှပ်စစ်ထုတ်လုပ်မည့် စက်ရုံသည် ချင်းတွင်းမြစ်နှင့် နီးကပ်သည့်အတွက် ဆိုးကျိုးများ ခံစားနိုင်ရကြောင်း ပန်ကြားလွှာတွင် အချက်တစ်ချက်အဖြစ် ထည့်သွင်းထားသည်ဟုလည်း ပန်ကြားလွှာပေးပို့မည့် သူများထံမှ သိရသည်။

နတ်မော်ကယ် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်ရန် ၂၀၁၀ခုနှစ်မှ စတင်ကာ လာရောက်လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ယခုအချိန်တွင် ဓာတ်အားပေးစက်ရုံ တည်ဆောက် ရန် မြေတိုင်း တာမှုများ၊ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်နေပြီဟု ဒေသခံများက ပြောသည်။

ထိုစီမံကိန်း ကို စင်ကာပူ ကုမ္ပဏီတစ်ခုနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here