Monday, October 14, 2013

ဗုံးများပေါက်ခြင်း၊ ဗုံးများတွေ့ခြင်းနဲ့ စိုးရိမ်မှုများ

0 comments

Monday, October 14, 2013

ဒီရက်ပိုင်း ရန်ကုန်နဲ့ တခြားမြို့တချို့မှာ ဗုံးပေါက်ကွဲမှုတွေ၊ ဗုံးတွေ့ရှိမှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။ အခု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အခုလို ကြေညာ သတိပေးလိုက်ပါတယ်


ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ လုပ်သားပြည်သူများသို့ အသိပေးနှိုးဆော်ခြင်း

ရန်ကုန်၊ အောက်တိုဘာ ၁၄ လုပ်သားပြည်သူများအနေဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကာလနီးလာ ၍့ ဗျောက်အိုးများဖေါက်ခြင်း၊ မီးရှုးမီးပန်းပစ်ခြင်းများပြု လုပ် လျက် ရှိနေပါသည်။
လတ်တလောရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းလက်လုပ်ချိန်ကိုက်မိုင်း ပေါက်ကွဲခြင်း၊ လက်လုပ်မိုင်း များတွေ့ရှိသည့် ဖြစ်စဉ်များလည်းရှိပြီး ပေါက်ကွဲမှုများ ထင်ယောင်ထင်မှားဖြစ်နိုင်သဖြင့် လုံခြုံရေးကိုရှေ့ရှု ကာ ဗျောက်အိုးဖေါက်ခြင်းများ မပြုလုပ်ကြပါရန်နှင့် တရားဥပဒေစိုးမိုးရေး အတွက် လုပ်သားပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြပါရန် အသိပေးနှိုးဆော်မေတ္တာရပ်ခံအပ်ပါသည်။

အလုံမှာတွေ့ရတဲ့ ချိန်ကိုက်ဗုံးဟု ယူဆရတယ်ဆိုတဲ့ အထုတ်နဲ့ပတ်သက်လို့

၁၄.၁၀.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် အလုံမြို့နယ် ၊ စောရန်ပိုင် အနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ Western Park II စားသောက်ဆိုင်မှ စားပွဲထိုးဝန်ထမ်းဖြစ်သူ မောင်ကျော်ဇေယျာမင်းသည် စားပွဲခုံများ အား သန့်ရှင်းရေးဆောင်ရွက်စဉ် စားပွဲခုံအမှတ် (၁၉)၏အောက်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မသင်္ကာဖွယ် အထုပ်တစ်ထုပ်အား တွေ့ရှိသဖြင့် ဆိုင်မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းမှ အဆိုပါ အထုပ်အား ကြည့်ရှုရာ အထုပ်ထဲတွင် ၀ါယာကြိုးနှစ်စ၊ ဘက္ထရီခြောက်တစ်ခုနှင့် အနက်ရောင် အထုပ်တို့အား တွေ့ရှိသဖြင့် ၎င်းအထုပ်အား ဆိုင်၏အပြင်ဘက်သို့ ထုတ်ထားကာ အလုံမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ပါသည်။

ထိုသို့အကြောင်းကြားချက်အရ အလုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ လာရောက်၍ မသင်္ကာဖွယ် အထုပ်အား တာယာကွင်းများဖြင့် ကာရံခဲ့ပြီး ရှင်းလင်းဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၉၀၅) စစ်မြေပြင် အင်ဂျင်နီ ယာ တပ်ရင်းသို့ အကြောင်းကြားခဲ့သဖြင့် ဗိုလ်မှူး မျိုးဟိန်းစိုးနှင့်အဖွဲ့မှ လာရောက်၍ အဆိုပါအထုပ်အား ရှင်းလင်းပြီး အသေးစိတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

မန္တလေးမှာတွေ့တဲ့ ဗုံးက စနက်တံ ဖြုတ်မရ၍ ဖောက်ခွဲပစ်လိုက်ရ

အောက်တိုဘာ ၁၄၊ ၂၀၁၃ မန္တလေးမြို့၊ ၁၆ လမ်းနှင့် လမ်း ၈၀ ကြားတွင် မွန်းလွဲ ၂ နာရီကျော်က ဗုံးတလုံး တွေ့ရှိ၍ သက်ဆိုင်ရာက စနက်တံဖြုတ်ရန် ကြိုးပမ်း ခဲ့ပြီး စနက်တံဖြုတ်မရ၍ မွန်းလွဲ ၃ နာရီ တွင် ဖောက်ခွဲလိုက်ကြောင်း အခင်းဖြစ်ပွားသည့်နေရာ ရောက်ရှိနေသည့် မန္တလေးအခြေစိုက် ဧရာဝတီ သတင်းထောက်က သတင်းပေးပို့သည်။

အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁ နာရီမထိုးခင် အင်းစိန်စော်ဘွားကြီးကုန်း၊ ကားမှတ်တိုင် မှာ ပေါက် ကွဲမှု တခုဖြစ်၊ ထိခိုက်ဒဏ်ရာမရ၊ သို့သော် လုံခြုံရေးတပ်ဖွဲ့များက ရှာဖွေရာမှာ မပေါက် ကွဲသေး တဲ့
နောက် ထပ် ချိန်ကိုက်မိုင်းတလုံးတွေ့ရှိတယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ထားပါတယ်။

"စော်ဘွား ကြီးကုန်းကားမှတ်တိုင်ရှိ Natural Clay ဂျပန်အုတ်ကြွပ်အမိုးကြော်ငြာဆိုင်းဘုတ် ၀ဲဘက်ရှိ စည်ပင်အမှိုက်ပုံးအနီးတွင် ကြွပ်ကြွပ်အိတ်အနက်ရောင်ဖြင့်ထည့်ထား သည့်အလျား (၄) လက်မ၊ အနံ (၂)လက်မ၊ ထု (၁)လက်မရှိ C-4ယမ်း၊ ဒီတိုနေတာ၊ နိုးစက်နာရီ၊ ၀ါယာကြိုးများတပ်ဆင်လျက် လက်လုပ် မိုင်း (၁)လုံးအား ထပ်မံတွေ့ရှိသဖြင့် မိုင်းရှင်းအဖွဲ့မှ ရှင်းလင်းခဲ့ပါသည်။"လို့ ရဲတပ်ဖွဲ့ ကဆိုထားပါတယ်။

အောက်တိုဘာလ ၁၃ ညနေပိုင်းမှာလည်း ရန်ကုန်တိုင်း သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ ယမုံနာ လမ်း၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖေါင်းအနီးရှိ သစ်လုံး တင်ယာဉ် နောက်တွဲ အောက်မှ အထုတ် ကို ဖြေကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး အသက် ၁၄ နှစ် လူငယ် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ချမ်းမြေ့တည်းခိုခန်းမှာ ဗုံးပေါက်ကွဲ မှု ကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီအပြင် အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းကလည်း ညောင်လေးပင်မှ ဖြူးမြို့ကို မောင်းနှင်လာ တဲ့ မော်တော်ယာဉ် တ စီး ပေါ်တွင် မသင်္ကာဖွယ် အထုတ်တခုအားတွေ့လို့ သက်ဆိုင်ရာကို အပ်နှံခဲ့ပြီး အဲဒီအထုပ်ကို သဲအိပ်များ ကာ ရံပြီး ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါ တယ်။

အခု ဧရာဝတီက စုံစမ်းသိရသလောက် ရန်ကုန်နဲ့ မြို့တချို့မှာ ဗုံးလန့်မှုနဲ့ ဗုံးနဲ့ ပတ်သက်တဲ့ ကောလာ ဟလ များ ဆက်တိုက်ထွက်ပေါ်နေပြီး အများပြည်သူ စိုးရိမ်ထိပ်လန့်နေကြတယ်လို့ သိရပါတယ်။


အိမ့်သံစဉ် ~

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ Western Park 2 စားသောက်ဆိုင်တွင် ယနေ့ တွေ့ရတဲ့ မပေါက်ကွဲသေးသောမိုင်းတခု၊
ဓာတ်ပုံ- ရန်ကုန်တိုင်း ရဲတပ်ဖွဲ့


Irrawaddy

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here