Wednesday, October 23, 2013

အိမ်ခြံမြေပွဲစားများအား တရားဝင် လိုင်စင်ချပေးရန် ဆောင်ရွက်နေ

0 comments
23-10-2013

အိမ်ခြံမြေအကျိုးဆောင်များ(ပွဲစား)၏ အကျိုးစီးပွားကို ကာကွယ်ရန် တရားဝင် အိမ်ခြံမြေအကျိုးဆောင် လိုင်စင်ရရှိရေးအတွက် မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း(ဗဟို)က စီစဉ်နေကြောင်း ထိုအသင်း ၏ဥက္ကဋ္ဌ ဦးခင်မောင်သန့်က ပြောသည်။

အောက်တိုဘာလ ၂၁ ရက် ည ၇ နာရီက ပြုလုပ်ခဲ့သော မန္တလေးတိုင်း အိမ်ခြံမြေအသင်း အလုပ်အမှု ဆောင်ရွေးချယ်ပွဲနှင့် အသင်းသူအသားများ တွေ့ဆုံပွဲတွင် ဦးခင်မောင်သန့်က ယင်းကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။

“အိမ်ခြံမြေ၀န်ဆောင်မှု အသင်းဝင်များကိုလည်း တရားဝင် လိုင်စင်ချပေးဖို့ သက်ဆိုင်ရာ အဆင့်ဆင့်နဲ့ ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ အခုလို လိုင်စင်တွေ ချထားပေးလိုက်တော့ သတ်သတ်မှတ်မှတ် ဖြစ် သွားတယ်။ ပိုပြီး စည်းလုံးလာမယ်လို့ ယုံတယ်။ ဘယ်သူမှ လက်ညှိုးထိုးလို့ မရတော့ဘူး။ အထိုးလည်း မခံရတော့ဘူး”ဟု ဦးခင်မောင်သန့်က ပြောသည်။

လက်ရှိတွင် အိမ်ခြံမြေပွဲစားများအား လိမ်လည်မှုများရှိသည်ဟုဆိုကာ ဝေဖန်ခံရမှုများရှိနေပြီး ၎င်းတို့ သည် တရားဝင် လုပ်ကိုင်နေခြင်းမဟုတ်ကြောင်း ၎င်းက ပြောသည်။

“အခုလို လိုင်စင်လုပ်ပေးတာတော့ ကောင်းပါတယ်။ ကန့်သတ်ချက်တွေ ဘောင်တွေပါလာရင်တော့ မကောင်းဘူး။ ကျွန်တော်တို့လိုပွဲစားဆိုတာ နားလည်မှုတွေ ယုံကြည်မှုတွေနဲ့ လုပ်ဆောင်ရတာပါ။တချို့ ပွဲစားတွေက စိတ်ဓာတ်မကောင်းဘူး။ အကျိုးအမြတ်ကို ခွဲမပေးချင်ဘူး။ အဲလိုတွေကျတော့ ပြဿနာ တက်ရတယ်။ အခု လိုင်စင်ပေးတော့မှာဆိုတော့ ပြဿနာမရှိလောက်တော့ဘူးလို့ ထင်ပါတယ်”ဟု “ကျော်စံအိမ်” အိမ်ခြံမြေအကျိုးဆောင် ကိုကျော်နိုင်က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေအကျိုးဆောင်အသင်းဝင် အိမ်ခြံမြေအကျိုးဆောင် (ပွဲစား)များအနေဖြင့် အရောင်း အ၀ယ်ဖြစ်ပါက အကျိုးဆောင်ခ နှစ်ရာခိုင်နှုန်း မရရှိခြင်း၊ အသင်းဝင်မဟုတ်သော အခြားပွဲစားများက ၀ယ်လက်လုခြင်းများကိုလည်း အသင်းမှ တာဝန်ယူဖြေရှင်းပေးမည်ဟု အိမ်ခြံမြေ၀န်ဆောင်မှုအသင်း (ဗဟို)၏ဥက္ကဋ္ဌ ဦးခင်မောင်သန့်က ဆိုသည်။

လိုင်စင်လုပ်ပေးလည်း အရပ်ပွဲစားကတော့ ရှိနေမှာပဲ သူတို့ကတော့ ပျောက်သွားမှာမဟုတ်ဘူး။ သူတို့ ကလည်း သူတို့နည်းသူတို့ဟန်နဲ့ ရောင်းနေ၀ယ်နေကြမှာပဲ။ကျွန်တော်တို့ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း အနေနဲ့ သူတို့ကို အသင်းဝင်ဖြစ်အောင် စည်းရုံးရမယ်။ သင်တန်းတွေပေးရမယ်။ ဒါမှ တစ်စုတစ်ဝေး တည်း ဖြစ်လာမယ်။ သတ်မှတ်ထားတဲ့ အကျိုးအမြတ် ရာခိုင်နှုန်းလည်း ရကြမယ်။ ဒါမှ ပွဲစားခလည်း ဈေးမပျက်တော့ဘူးပေါ့”ဟု မန္တလေး အိမ်ခြံမြေ၀န်ဆောင်မှုအသင်းဝင် အိမ်ခြံမြေပွဲစား ကိုမိုးဟိန်းထက် က မဇ္ဈိမကို ပြောသည်။

ထိုသို့ အိမ်ခြံမြေအကျိုးဆောင်(ပွဲစား)များကို တရားဝင် လိုင်စင်ချပေးရန်ရှိကြောင်းလည်း ဆောက်လုပ် ရေးဝန်ကြီးဌာနက ယခုနှစ် ဇွန်လ၂၈ ရက်တွင် အသင်းကို ပြောပြီးဖြစ်သည်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ၀န် ဆောင်မှုအသင်း(ဗဟို)၏ဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။

“ဘယ်ဌာနကချပေးမယ်ဆိုတာ မသိရပေမယ့် ကျွန်တော်တို့ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ ချခိုင်းထားပါတယ်”ဟု ဦးသန်းဦးက ပြောသည်။

မန္တလေးတိုင်း အိမ်ခြံမြေ၀န်ဆောင်မှုအသင်း၏ လစ်လပ်နေသော အမှုဆောင်အဖွဲ့ရွေးချယ်ပွဲကိုအောက် တိုဘာလ ၂၁ ရက်တွင် မန္တလေး အိုရီယန်တယ်ဟောက်စ်ခန်းမတွင် ပြုလုပ်ခဲ့ပြီး အမှုဆောင်အဖွဲ့ဝင်ကိုး ဦး ရွေးချယ်ခဲ့သည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း(ဗဟို)ကို ၂၀၁၂ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးခြောက် ခုတွင် အသင်းခွဲများ ဖွင့်လှစ်ထားနိုင်ခဲ့သည်။ ထို့အပြင် ပြင်ဦးလွင်၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘိုနှင့် မွန်ပြည် နယ်တို့တွင် ဖွင့်လှစ်သွားမည်ဟု သိရသည်။ မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း၏ ညီလာခံကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသွားမည်ဖြစ်သည်။


Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here