Sunday, October 20, 2013
ပြည်နယ်၊ တိုင်းဒေသကြီး ၁၅ ခုတွင် အသေးစား ငွေရေးကြေးရေး လုပ်ကိုင်ခွင့် ရရှိထားသည့် အဖွဲ့အစည်းများမှ ထုတ်ချေးထားသည့် ချေးငွေ ကျပ် ၁၁၅ ဘီလျံကျော်ရှိ
Categories :
Sunday, October 20, 2013
နေပြည်တော်ကောင်စီ အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုတွင် အသေးစား ငွေရေးကြေးရေး လုပ်ငန်းအဖွဲ့အစည်းများမှ ထုတ်ချေးထားသည့် ချေးငွေမှာ ကျပ် ၁၁၅ ဘီလျံကျော်ရှိကြောင်း မြန်မာ့ အသေးစား ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး လုပ်ငန်းမှ သိရသည်။
နေပြည်တော်ကောင်စီဒေသ အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုရှိ မြို့နယ် ၁၇၈ မြို့နယ်၊ ရပ်ကွက် ၁၆၈၈ ခု၊ ကျေး ရွာ ၇၅၃၂ ရွာတွင် အသေးစားငွေရေးကြေးရေး လုပ်ငန်းအဖွဲ့အစည်းများမှ ထုတ်ချေးငွေမှာ ကျပ်သန်း ၁၁၅၇၃၇ ဒသမ ၀၂ (၁၁၅ ဘီလျံကျော်) ရှိပြီဖြစ်ကြောင်း သိရသည်။
အခြေခံ လူတန်းစားများ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရန်အတွက် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ကုမ္ပဏီများ၊ သမ၀ါယမ အဖွဲ့အစည်းများအား အသေးစား ငွေရေးကြေးရေး လုပ်ငန်းများကို လုပ်ကိုင် ခွင့်ပြု ထားပြီး မြန်မာနိုင်ငံအတွင်း အသေးစား ငွေရေးကြေးရေး လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ထုတ်ပေးခဲ့မှု မှာ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း (INGO) ခြောက်ဖွဲ့၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း (NGO) ၁၃ ဖွဲ့၊ သမ၀ါယမ အဖွဲ့အစည်း ၇၅ ဖွဲ့၊ ပြည်ပကုမ္ပဏီလီမိတက် ငါးခု၊ ပြည်တွင်းကုမ္ပဏီ လီမိတက် ၆၇ ခု စုစုပေါင်း အဖွဲ့အစည်း ၁၆၆ ဖွဲ့ရှိကြောင်း သိရသည်။အခြေခံ လူတန်းစားများ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရန်အတွက် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ကုမ္ပဏီများ၊ သမ၀ါယမ အဖွဲ့အစည်းများအား အသေးစား ငွေရေးကြေးရေး လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုထား . . . . .
အခြေခံ လူတန်းစားများ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရန်၊ အခြေခံ လူတန်းစားများ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး အခြေအနေများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်ပြီး အသေးစား ငွေရေးကြေးရေး လုပ်ငန်းဥပဒေကို ၂၀၁၁ ခုနှစ် အတွင်း က ပြဋ္ဌန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အသေးစား ငွေရေးကြေးရေး လုပ်ငန်းဥပဒေနှင့်အညီ အသေးစား ငွေရေးကြေးရေး လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အသေးစား ငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ၊ အသေးစား ပုဂ္ဂလိ က ငွေစုငွေချေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းထားကြောင်း သိရသည်။
အသေးစား ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသည့် အဖွဲ့အစည်း အချို့မှာ ဗဟို သမ၀ါယမအသင်း လီမိတက်၊ ထွန်းဖောင်ဒေးရှင်း ကုမ္ပဏီ၊ Save The Children(INGO)၊ Pact (INGO)၊ World Vision Myanmar(INGO)၊ BC Finance Limited (ပြည်ပကုမ္ပဏီ) တို့ဖြစ်ကြောင်း သိရသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)