Tuesday, October 1, 2013

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားသမားများ အားကစားသမား အာမခံ ပရီမီယံကြေးကို အခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံခြားသား အားကစားသမားများ အနေဖြင့် အာမခံဝယ်ယူနိုင်

0 comments
ဆီးဂိမ်း အားကစားသမားများ အာမခံအတွက် မြန်မာ့အာမခံ ရုံးချုပ်တွင် ဘဏ္ဍာရေး ဒုဝန် ကြီး ဒေါက် တာမောင်မောင်သိမ်း က ဆွေးနွေးစဉ်

1.10.2013

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် မြန်မာအားကစား သမားများအတွက် အားကစားသမား အာမခံ ပရီမီယံကြေးကို အခမဲ့ အဖြစ် မြန်မာ့အာမခံ လုပ်ငန်းနှင့် ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ ပါဝင်သည့် အာမခံဈေး ကွက် က ဆောင်ရွက်ပေး မည် ဖြစ်ကြောင်း မြန်မာ့အာမခံ ရုံးချုပ်တွင် စက်တင်ဘာ ၃၀ ရက်က ပြုလုပ် သည့် အစည်းအဝေးပွဲမှ သိရသည်။

မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည့် မြန်မာအားကစား သမားများ စာရင်းကို အားကစား ၀န်ကြီး ဌာနမှ ကောက်ခံသွားမည်ဖြစ်ပြီး အဆိုပါ အားကစားသမားများ အတွက် ကျသင့်မည့် ပရီမီယံကြေး ကျပ် ၅၀၀၀ ကို အခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ကာ နိုင်ငံခြားသား အားကစားသမားများ အနေဖြင့် အားကစား သမား အာမခံကို ၀ယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

''(၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲက နှစ်ပေါင်း ၄၄ နှစ်အတွင်းမှာ ပထမဆုံး အကြိမ် ကျင်းပ တာဖြစ်တဲ့ မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာကနေ မြန်မာ့အာမခံကို သိအောင်ရယ်၊ မြန်မာအားကစားသမားတွေ အတွက်ကို ရည်ရွယ်ပြီး အခုလို အားကစားသမား အာမခံကို စီစဉ်ပေး တာ ဖြစ်ပါ တယ်။ မြန်မာအားကစားသမားတွေ အတွက်ကတော့ အားကစားသမား ကိုယ်တိုင်နဲ့ အရန်အား က စားသမား အတွက်ပဲ အကျုံးဝင်မှာ ဖြစ်ပါတယ်'' ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

နိုင်ငံခြားသား အားကစားသမားများ အနေဖြင့် Sport Contigent Personal Accident Insurance ကို ပရီမီယံကြေး ဒေါ်လာ ၁၀၀ နှင့် ၀ယ်ယူနိုင်ပြီး ထိခိုက်ဒဏ်ရာ ရရှိပါက ဒေါ်လာ ၅၀၀၀၀ အများဆုံး ပေးလျော်မည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာ အမျိုးအစားကို မူတည်ကြောင်း သိရသည်။

မြန်မာအားကစား သမားများအတွက်မူ သေဆုံးပါက ကျပ်သိန်း ၅၀ ပေးလျော်မည်ဖြစ်ပြီး ဒဏ်ရာ အမျိုးအစားပေါ် မူတည်ကာ ပေးလျော်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းအာမခံ အမျိုးအစား သည် နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ အကျုံးဝင်မည်ဖြစ်ပြီး ဆီးဂိမ်းပြီးဆုံးပါက ယခင်ဆောင်ရွက်သည့် အတိုင်းသာ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ အားကစားသမား အာမခံ အမျိုးအစား အနေဖြင့် ပရီမီယံကြေးကျပ် ၂၅၀၀၀ ဖြစ်ပြီး သိန်း ၅၀ အထိ အများဆုံး ၀ယ်ယူနိုင်ကြောင်း၊ ၀ယ်ယူထားသည့် အာမခံသည် တစ်နှစ် အကျုံးဝင်ကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here