Tuesday, October 29, 2013

နှစ်နှစ်ခန့် စောင့်ဆိုင်းပြီးနောက် ဒု-ဗိုလ်ချုပ်ကြီးတင်ဦး နေအိမ်သို့ပါဆယ်ဗုံးပို့ ဖောက်ခွဲလုပ်ကြံမှုနှင့်စွပ်စွဲခံရသူ ဇနှီးမောင်နှံ နိုင်ငံကူးလက်မှတ်ရပြီ

0 comments
29/10/2013

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၂) ဒု-ဗိုလ်ချုပ်ကြီး တင်ဦးနေအိမ်သို့ ပါဆယ်ဗုံးပို့ဖောက်ခွဲလုပ်ကြံမှုနှင့် စွပ်စွဲခံရပြီး အပြစ်ဒဏ်ပေးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ကိုမိုး ကျော်သူ တို့ ဇနီးမောင်နှံနိုင်ငံကူးလက်မှတ်ရရှိရန် နှစ်နှစ်ခန့်စောင့်ဆိုင်းခဲ့ရပြီးနောက် အောက်တို ဘာ ၂၅ ရက်တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးလိုက်ပြီ ဖြစ်သည်ဟု ကာယကံရှင်ကိုမိုးကျော်သူက မဇ္ဈိမကို ပြော သည်။

ကိုမိုးကျော်သူတို့ ဇနီးမောင်နှံသည် ၁၉၉၇ခုနှစ်တွင် ထောင်ဒဏ်စတင်ကျခံခဲ့ ရပြီး ၂၀၀၂ ခုနှစ်တွင် ပြန် လည်လွတ်မြောက်လာခဲ့သည်။ ယင်းနောက် ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် နိုင်ငံကူး လက်မှတ် လျှောက်ထားခဲ့ပြီး နှစ်နှစ်ခန့်အကြာ ယခုနှစ်တွင်မှရရှိခြင်းဖြစ်သည်။

ကိုမိုးကျော်သူက“ကျွန်တော်တို့ ဆေးစစ်ချင်တာပါ၊ကျွန်တော်ရော၊ကျွန်တော့်အမျိုးသမီးရော နှစ် ယောက် စလုံးအတွက်ရတာ။ လွယ်လွယ်ကူကူပဲ ရတယ်။ စုစုပေါင်း နှစ်နှစ်လောက်ကြာတာပေါ့။ ရလိုက်တော့ ၀မ်းသာတာပေါ့ဗျာ၊ တခြားမေးတာမြန်းတာမရှိဘူး”ဟု အောက်တိုဘာ၂၈ရက် က ပြော သည်။

၎င်းတို့က နိုင်ငံခြားတွင်ဆေးစစ်လိုကြောင်း အောက်တိုဘာ ၃ ရက်က စာတစ်စောင် ရေးသား တင်ပြပြီး နောက်အောက်တိုဘာ ၂၅ ရက်က ထုတ်ပေးလိုက်ခြင်းဖြစ်သည်။

ထိုသို့ မထုတ်ပေးမီ စက်တင်ဘာ ၁၉ ရက်က ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ရုံးမှ နိုင်ငံကူးလက်မှတ်ရရန် အာဏာပိုင်များက အကူအညီပေးမည်ဖြစ်ကြောင်းနှင့် စာတင်ရန် ပြောဆိုခဲ့ကြောင်း ကိုမိုးကျော်သူထံမှ သိရသည်။

ထိုသို့ သိရှိရပြီးနောက် ကာယကံရှင်သည် ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးသို့ သွား ရောက်ကာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် စာတင်ခဲ့ပြီး နှစ်ပတ်အကြာတွင် နိုင်ငံကူးလက်မှတ် ထုတ် ပေးခြင်း ဖြစ်သည်။

ဗုံးဖောက်ခွဲမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသူ ထောင်တွင်းအကျဉ်းချခံရသည့် ကိုမိုးကျော်သူ၏ ဇနီးမနီနီ ယဉ်သည် အကျဉ်းထောင်အတွင်း၌ အဆစ်အမြစ်ကိုက်ခဲသည့် ဝေဒနာခံစားခဲ့ရပြီး ယခုအခါ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးစစ်မည်ဖြစ်ကြောင်း မနီနီယဉ်က ပြောသည်။

“ကျွန်မကတော့ ၀မ်းသာပါတယ်။ အဆင်ပြေပါတယ်။ (နိုင်ငံကူးလက်မှတ်) ရသွားတော့ စိတ်ထဲမှာ နည်း နည်းကျေနပ်ပါတယ်။ဘန်ကောက်ကို ဆေးစစ်သွားချင်တယ်။ မွေးရာပါ နှလုံးရောဂါ ပြန်စစ်မယ်။ ထောင်ထဲနေခဲ့ရတုန်းက အကြောတွေအရိုးတွေ ထုံကျင်ကိုက်ခဲတာတွေရှိတယ်။ ခြေထောက်တွေနာ တော့ အဲဒါတွေ စစ်ကြည့်မယ်” ဟု ပြောသည်။

၂၀၀၇ခုနှစ် ဗုံးပေါက်ကွဲမှုတွင် ဒု-ဗိုလ် ချုပ်ကြီးတင်ဦး၏ သမီးဖြစ်သူမချိုလဲ့ဦး သေဆုံးသွားခဲ့ရပြီး အာဏာ ပိုင်များအနေဖြင့်ဖောက်ခွဲမှုကို စီမံဆောင်ရွက်သူအားဖမ်းဆီးနိုင်ခြင်းမရှိဘဲ၊ နိုင်ငံတော်လုံခြုံမှုအတွက် အရေးကြီးသည်ဟုဆိုကာ ကိုမိုးကျော်သူတို့ဇနီးမောင်နှံအား ထောင်ဒဏ်အသီးသီးအပြစ်ဒဏ်ပေးခဲ့ သည်။

၎င်းတို့က နိုင်ငံကူးလက်မှတ်သည် နိုင်ငံသားတစ်ဦး၏ ရသင့်ရထိုက်သည့် အခွင့်အရေးဖြစ်ရာ ထိုအချိန် ကဗုံးပေါက်ကွဲမှုတွင်လည်း လုံးဝပတ်သက်ခြင်းမရှိကြောင်း သြဂုတ်လပိုင်းက မဇိ္ဈမနှင့် အင်တာဗျူးတွင် ပြောဆိုထားခဲ့သည်။

၁၉၉၇ ခု၌ ပါဆယ်ဗုံးလုပ်ကြံမှုမှ လွတ်မြောက်ခဲ့သော ဒု-ဗိုလ်ချုပ်ကြီးတင်ဦးသည် ၂၀၀၁ခုနှစ် ဖေဖော်ဝါ ရီလက ကရင်ပြည်နယ်၊ ဘားအံမြို့အနီး ရဟတ်ယာဉ်ပျက်ကျသဖြင့် သေဆုံးသွားခဲ့သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here