Sunday, October 20, 2013

ဆွစ်ဇာလန် နိုင်ငံ အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် တရုတ်ဆေးဝါး အတုများ သိမ်းဆည်းရမိ

0 comments

Sunday, October 20, 2013

ဆွစ်ဇာလန် နိုင်ငံ ဇူးရစ်မြို့ရှိ အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် တရုတ် နိုင်ငံမှ သယ်ဆောင် လာသော ဆေးဝါးအတု တစ်သန်းခန့်ကို ဆွစ်ဇာလန် အကောက်ခွန် အရာရှိ များက သိမ်းဆည်း ရမိခဲ့ကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

အလေးချိန် ကီလိုဂရမ် ၄ဝဝ ရှိ အဆိုပါ ဆေးဝါး အတုများကို ကုန်သေတ္တာ လေးခုအတွင်း ထည့်သွင်းထားပြီး တရုတ် နိုင်ငံမှ အီဂျစ် နိုင်ငံသို့ တင်ပို့ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ဆွစ်ဇာလန် နိုင်ငံ ဆေးဝါးပစ္စည်း ထုတ်လုပ်ရေး အဖွဲ့မှ ပြောကြားခဲ့သည်။

အဆိုပါ ဆေးဝါးများသည် စိတ်ချောက်ချားခြင်း (သို့) ထိတ်လန့် တုန်လှုပ်ခြင်း စသည့် ဝေဒနာများကို ကုသရန် Pfizer ကုမ္ပဏီက ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ၎င်းဆေးဝါး များသည် အတု ဖြစ်သည်ကို အလွယ်တကူ ခွဲခြားနိုင်ခြင်း မရှိကြောင်း ဆေးဝါးပစ္စည်း ထုတ်လုပ်သည့် ဌာနမှ စမ်းသပ် စစ်ဆေးချက်များ အရ သိရသည်။

အီဂျစ် နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံများသည် မူးယစ်ဆေးဝါး အတုများ ကုန်သွယ်ရာတွင် အဓိက ကျသော ဈေးကွက်တစ်ခု ဖြစ်သည်ဟု သိရသည်။

မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here