Tuesday, October 15, 2013

နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်ပွဲကျင်းပ

0 comments

Tuesday, October 15, 2013

၂၂ ကြိမ်မြောက် မြို့တော်ဝန် ဖလား နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်ရက်နေ့ အဖြစ် ယနေ့နံနက် ၅နာရီ တွင် ရန်ကုန်မြို့ မြို့တော်ခန်းမမှ စတင် ကျင်းပခဲ့သည်။

အဆိုပါ မျက်မမြင် လမ်းလျှောက်ရက်နေ့တွင် မျက်မမြင်ကျောင်း ၁၁ ကျောင်း မှ လူဦးရေ ၁၁၁၅ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

လမ်းလျှောက် ဧရိယာအဖြစ် မြို့တော်ခန်းမမှ ဘုန်းကြီးလမ်း ၊ ဘုန်းကြီးလမ်းမှ မြို့တော်ခန်းမ ထိ လမ်းလျှောက်ပွဲ ကျင်းပခဲ့ရာ ပထမဆုကို ရောနီရှိန် ၂၆.၅၅ စက္ကန့် ၊ ဒုတိယ ဆုကို မျိုးမင်းထွန်း ၂၆.၆၀ စက္ကန့် နှင့် တတိယ ဆုကို မျိုးမင်းကျော် ၂၇.၄၀ စက္ကန့် ဖြင့်အသီးသီး ရရှိခဲ့ကြသည်။

အဆိုပါ ပွဲတွင် ပြင်ဦးလွင် ပရဟိတ ဘုန်းကြီးကျောင်းမှ သံဃာ ၂၅ ပါးလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ရန်နိုင်
ဓာတ်ပုံ - အောင်နိုင်စိုး ( ကစ္ဆပ )
Popular Myanmar News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here