Wednesday, October 9, 2013

မလေးမှ ပြည်တော်ပြန်လို၍ စာရင်းပေးထားသူ လုပ်သား ၃ဝဝဝ ကျော်၊ အားလုံးနီးပါး တရားမ ဝင်နေ ထိုင်သူ များသာဖြစ်

0 comments
ရန်ကုန်၊ အောက်တိုဘာ ၈

မလေးမှ ပြည်တော်ပြန်လို၍ စာရင်းပေးထားသည့် လုပ်သား ၃ဝဝဝ ကျော်ရှိပြီး အားလုံးနီးပါးမှာ တရား မဝင် နေထိုင် သူများဖြစ်ကြောင်း ၄င်းလုပ် သားများ ပြန်လည် ပို့ဆောင်ရေး ဆောင် ရွက်ပေးနေသူ ဦးသီဟမောင်မောင်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

”အားလုံးက Over Stay သမား တွေပါပဲ။ Work Permit သမားတွေကို မြန်မာပြည်ပြန်ဖို့ လုပ်ပေးတဲ့နေရာမှာ ထည့်မထားပါဘူး”ဟု ဦးသီဟမောင် မောင်က ဆက်ပြောသည်။

အဆိုပါလုပ်သားများမှာ ကွာလာ လမ်ပူမှ အများဆုံးဖြစ်ပြီး၊ ပီနန်း၊ ဂျဟိုးနှင့် အခြားမြို့များမှလည်း ပါဝင် ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ပြန် လိုကြောင်း လာေ ရာက်စာရင်းပေးသည့် လုပ်သား စုစုပေါင်း ၃၅ဝဝ ရှိပြီး ၄င်းစာ ရင်းမှာလည်း ဇွန်နှင့် ဇူလိုင်လ နှစ်လ တည်း အတွက် ကောက်ခံ ထားခြင်း ဖြစ် သည်ဟု သိရသည်။

လုပ်သား ၃၅ဝဝအတွင်းမှ အသုတ် ခွဲ၍ ပြည်တွင်းသို့ ပြန်ပို့နေခြင်းဖြစ်ပြီး လက်ရှိ တွင် မြန်မာနိုင်ငံ အတွင်းသို့ လုပ် သား ၁၇ဝဝ နီးပါးခန့် ပြန်ပို့ပြီး ဖြစ် သည်ဟု လုပ် သားပြန်ပို့ ပြီးစီးစာရင်း များအရ သိရသည်။

၎င်းလုပ်သားများ ပြန်ပို့ရန် အစီ အစဉ်ကိုမလေးရှားနိုင်ငံအတွင်း မြန် မာ လုပ်သားများ အကြမ်းဖက် သတ်ဖြတ် ခံခဲ့ရသည့် မေလကုန်မှ စတင်၍ စီစဉ် ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လုပ်သားများကို ဧရာဝ တီဖောင်ဒေး ရှင်း ၏ အကူအညီ ဖြင့် ဇွန်လတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ သည်။

လုပ်သားများ ပြန်လည်ပို့ဆောင် နိုင်ရန်အတွက် သီတဂူ အထောက်အကူ ပြုအဖွဲ့နှင့် မလေးရှားနိုင် ငံရှိ မြန်မာသံ ရုံး၊ မလေးရှားနိုင်ငံမှ မြန်မာလုပ်သား အရေး ကူ ညီဆောင်ရွက်ပေးနေသူများ က ၄င်းလုပ်သား များကို ပြည်ဝင်ခွင့် ရရှိ ရန် သံရုံးထောက်ခံစာ ရယူပေးခြင်းမှ အစ လူဝင်မှုကြီးကြပ်ရေးတွင် သက်သေခံ အထောက် အထား ပြုလုပ်ခြင်း ဒဏ် ကြေးဆောင်ခြင်းများကိုပါ ပြုလုပ်ပေး နေရကြောင်း သိရသည်။

” လုပ်သားတွေဘက်က တစ်ပြား မှ ပေးစရာမလိုပါဘူး။ တချို့ သွားလာရ ဝေးတဲ့နေရာကဆို လမ်းမှာ အဖမ်းအဆီးရှိမှာစိုးလို့ဘက်စ်ကားကအစသီးသန့်စီစဉ်ပေးရတာပါ”ဟုဦးသီဟမောင် မောင်က ပြောသည်။

ဧရာဝတီဖောင်ဒေးရှင်း၏ လေ ယာဉ်လက်မှတ် ၁ဝဝဝ အခမဲ့ပေးခဲ့ခြင်း မှာ သြဂုတ်လအတွင်း ပြီးဆုံးခဲ့ပြီး လက် ရှိ ပြည်တွင်းသို့ ပြန်လည်ပို့ဆောင်ပေး နေမှုကို သီတ ဂူဆရာတော်ကြီးမှ ပံ့ပိုး ပေးနေခြင်း သာဖြစ်ကြောင်း သိရ သည်။ယင်းအတွက် စာရင်းပေးထား သည့် မြန်မာလုပ်သား ၃၅ဝဝ ကို ပြန် လည်ပို့ဆောင်ပေးခြင်း ပြီးဆုံး ပါက နောက်ထပ်လုပ်သားများ စာရင်း ထပ်မံ ကောက်ခံ၍ ပို့ဆောင်ပေးနိုင်ခြင်း ရှိ မရှိ မှာမူ အလှူရှင်ရှိမှုနှင့် ငွေကြေးပေါ် များစွာ မူတည်နေသည်ဟု မလေးမှ မြန်မာလုပ် သား ပြန်လည်ပို့ဆောင်နိုင် ရေး ကူညီဆောင်ရွက်နေသူအချို့က သုံးသပ်သည်။

သုတလင်း

Popular Myanmar News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here