Tuesday, October 15, 2013

ဘာစီလိုနာ အရန်အသင်း၏ ပွဲစဉ်တစ်ခုသို့ သွားရောက်ကြည့်ရှုခဲ့သည့် ဘိုအာ့စ်

0 comments

Tuesday, October 15, 2013

တော့တင်ဟမ် ဟော့စပါး မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် ဘာစီလိုနာ အရန်အသင်း၏ ပွဲစဉ်တစ်ခုသို့ ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

တနင်္ဂနွေနေ့က ပေါ်တူဂီသား မန်နေဂျာသည် ဘာစီလိုနာ အရန်အသင်းနှင့် ဒီပို့တီဗိုတို့ ကစားသည့် ပွဲစဉ်၌ ရောက်ရှိနေခဲ့ပြီး ယင်းပွဲစဉ်တွင် အိမ်ရှင် ဘာစီလိုနာ အရန်အသင်းက (၁-၀)ဖြင့် အရေးနိမ့်ခဲ့သည်။ ဘိုအာ့စ် အဓိက လေ့လာခဲ့သည့် ပစ်မှတ် ကစားသမားကို တိတိကျကျ မသိရသော်လည်း ဘာစီလိုနာ အရန်အသင်းမှ အသက်(၁၈)နှစ်အရွယ် ကွင်းလယ် ကစားသမားလေး ဆာဂျီဆမ်ပါ ဖြစ်နိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ထို့အပြင် အသက်(၂၁)နှစ်ရှိ ကွင်းလယ်လူ ဟာဗီးယား အက်စ်ပီနိုဆာနှင့် အသက်(၂၄)နှစ်အရွယ် ဂိုးသမား ယော်ဒီမက်ဆစ်ပ်တို့သည်လည်း ဘိုအာ့စ်၏ ပစ်မှတ်တွင် ပါဝင်နေသည်ဟု ယုံကြည်ရသည်။

ဘာစီလိုနာ ပထမအသင်း၏ နည်းပြ ဂီရာဒို မာတီနို ကိုယ်တိုင်လည်း ယင်းပွဲစဉ်တွင် ရှိနေခဲ့ပြီး ဘိုအာ့စ်နှင့်လည်း တွေ့ဆုံဖြစ်ခဲ့ကြောင်း ယုံကြည်ရသည်။ ဘာစီလိုနာ အရန်အသင်းမှ လူငယ် ကစားသမားလေးများသည် ကြယ်ပွင့် ကစားသမား အမြောက်အမြား ရှိနေသည့် ပထမအသင်းကြီးသို့ ဝင်ဆံ့ရန် ရုန်းကန်ရလေ့ ရှိသော်လည်း အဲဗာတန်က အငှားခေါ်ယူနိုင်ခဲ့သည့် ဂါရတ် ဒယ်လိုဖူကဲ့သို့ အတွေ့အကြုံ ရှာဖွေရန် အခြားအသင်းများထံ ပြောင်းရွှေ့မှုမျိုး ပြုလုပ်ဖွယ် ရှိနေသည်။ အသက်(၁၉)နှစ်ရှိ ဒယ်လိုဖူသည် ဘာစီလိုနာ အရန်အသင်းတွင် (၅၁)ပွဲ ကစားကာ (၂၇)ဂိုး သွင်းယူခဲ့ပြီး အနာဂတ်အတွက် အတောက်ပဆုံး အလားအလာများ ပိုင်ဆိုင်ထားသူ တစ်ဦးအဖြစ် ချီးကျူးခံနေရသည်။

Soccer Myanmar

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here