Tuesday, October 15, 2013

စစ်ကိုင်းတွင်လည်း ဗုံးနှစ်လုံး ထပ်မံပေါက်ကွဲခဲ့ပြီး လူသေဆုံးမှုနှင့်ထိခိုက်ဒဏ် ရာ ရရှိမှု မရှိ

0 comments
 (စစ်ကိုင်းမြို့ရှိ ရွှေပြည့်စုံ ဟိုတယ် စတုတ္ထထပ် စားသောက်ခန်းအတွင်း ပေါက်ကွဲမှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်)
၁၅.၁၀.၂၀၁၃

ရန်ကုန်၊ မန္တလေး၊ တောင်ငူနှင့် ဖြူးမြို့နယ်များတွင် ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများ၊ ဗုံးဟု မသကာင်္ဖွယ်ရာ တွေ့ရှိမှု များ ဖြစ်ပွားနေပြီးနောက် အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်း ၃ နာရီ မိနစ် ၃၀ အချိန်နှင့် ၅ နာရီ ၄၅ မိနစ် အချိန်ဝန်းကျင်က စစ်ကိုင်းမြို့ပေါ်ရှိ ရွှေပြည့်စုံဟိုတယ်နှင့် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်တို့၌ ဗုံးပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ၃ နာရီမိနစ် ၃၀ အချိန်ခန့်က စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ် အိုးတန်း (၄)လမ်းကြား ရှိ ရွှေပြည့်စုံ ဟိုတယ်၏ ၄ ထပ်မြောက်ရှိ စားသောက်ခန်း အတွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

"ဖြစ်စဉ်ဖြစ်ပွားတဲ့ အချိန်က ဟိုတယ်မှာ လူ ၄၄ ယောက် တည်းခိုသွားတယ်။ အခု အဲဒီလူတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်။ ဒီအနီးတစ်ဝိုက်မှာ နောက်ထပ်ဗုံးတွေ ရှိမရှိကိုလည်း စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းက လာပြီးစစ်ဆေး ပြီးသွားပြီ။ ဗုံးနဲ့ ပတ်သက်ပြီး မသကာင်္စရာ ဖြစ်နိုင်တဲ့ ဖြစ်ရပ်တွေ၊ လူတွေကို ရှာဖွေဖော်ထုတ်နိုင်အောင်လို့လည်း ဟိုတယ်မှာ တပ်ထားတဲ့ စီစီတီဗွီ ကင်မရာ ၄ လုံးကနေပြီး အခုရှာဖွေမှုတွေ လုပ်နေပါပြီ" ဟု စစ်ကိုင်းရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သိန်းဆွေက အောက်တိုဘာ ၁၆ ရက် နံနက် ၈ နာရီ ၀န်းကျင်က The Daily Eleven သို့ ပြောကြားသည်။
ယင်းသို့ ပေါက်ကွဲမှု ဖြစ်ပွားအပြီး ၂ နာရီကျော်ခန့်အကြာ နံနက် ၅ နာရီ ၄၅ မိနစ် ၀န်းကျင်တွင်လည်း စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်၏၀င်ပေါက် ကားပါကင်ထားရှိရာ အရှေ့ရှိ ပန်းခုံ၌လည်း ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။ ယင်းသို့ ပေါက်ကွဲမှုကြောင့် ပန်းခုံ၏ အောက်ခြေအနီးတစ်ဝိုက် ပျက်စီးခဲ့ပြီး အနီးဝန်းကျင်ရှိ လူများမှာမူ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဗုံးလာထောင်တဲ့သူဆိုပြီး မသကာင်္စရာလူတော့ သတိမထားမိဘူးဗျ။ မနက် အစောပိုင်းကြီး ပေါက်သွားတာဆိုတော့ ညပိုင်းလောက်က လာထောင်သွားတာပဲ ဖြစ်မှာပေါ့။ နေ့ခင်းပိုင်းဆိုရင်တော့ ဘုရားပေါ်မှာ လူတွေရှိတော့ တစ်ယောက်မဟုတ်၊ တစ်ယောက်တော့ သတိထားမိ မှာပါဘဲ။ တခြားမြို့တွေမှာလည်း ဗုံးတွေပေါက်နေတာ ကြားရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လို အခြေခံ လူတန်းစား၊ တစ်နေ့လုပ် တစ်နေ့စားတွေကတော့ ဗုံးအန္တရာယ် ရှိနေပေမယ့်လည်း အလုပ်တော့ လုပ်ရမှာပါပဲ။ ကိုယ်လုပ်မှ ကိုယ်စားရမှာ ဆိုတော့လေ" ဟု ဆွမ်းဦးပုညရှင် စေတီတော် အနီးတွင် ဈေးရောင်းသူ တစ်ဦးက ပြောကြားသည်။



eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here