Thursday, October 31, 2013
ဖြေလျှော့ပေးလိုက်ပြီဖြစ်သည့် မြန်မာကုမ္ပဏီများမှတ်ပုံတင်ရာတွင် မတည် ငွေရင်းနှင့် ကနဦးထည့်ဝင်ရမည့် ငွေပမာဏများ
Categories :
31.10.2013
ပြည်တွင်းမှာ ဆောင်ရွက်လျက်ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မြန်မာကုမ္ပဏီများ အဖြစ် ဖွဲ့စည်းမှတ်ပုံတင်ရာမှာ လုပ်ငန်းအမျိုးအစားပေါ်မူ တည်ပြီးမတည်ရင်းနှီးငွေနဲ့ ကနဦး ထည့်ဝင်ငွေတို့ကို သက်ဆိုင်ရာလုပ်ငန်း အလိုက် သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။အဆိုပါ သတ်မှတ်မှုကို ဖြေလျှော့ပေး လိုက်ပြီဖြစ်တယ်လို့ ပြည်တွင်းရှိ ပုဂ္ဂလိက ကဏ္ဍပြောင်းလဲဖွံ့ဖြိုး တိုးတက်ရေးဆပ်ကော်မတီမှ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ ယခင်က ရောင်းဝယ်ရေးလုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းအစရှိတဲ့ ပြည်တွင်း ကုမ္ပဏီများမှတ်ပုံတင်ရာမှာ မတည်ရင်းနှီး ငွေရင်း ကျပ်သန်း(၁၀၀)နဲ့ ကနဦးထည့်ဝင်မှုငွေကျပ်(၅)သန်း ထားရှိရမယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဟိုတယ်လုပ်ငန်း၊ စက်မှုလက်မှုနဲ့ ထုတ်လုပ်မှု၊ ဆောက်လုပ်ရေး အစရှိတဲ့ လုပ်ငန်းများ အတွက် မြန်မာ ကုမ္ပဏီများမှတ်ပုံတင်ရာမှာ မတည်ရင်းနှီးငွေအနေနဲ့ ကျပ်သန်း(၅၀၀) အပြင် ကနဦးထည့်ဝင်ငွေအနေနဲ့ ကျပ်သန်း(၅၀)စီ ထားရှိရမယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။
အခုအခါမှာတော့ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအ တွက် ကုမ္ပဏီများ ဖွဲ့စည်း မှတ်ပုံတင်ရာမှာ မတည်ငွေရင်းပမာဏနဲ့ ကနဦး ထည့်ဝင်ငွေပမာဏကန့်သတ်ထားခြင်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ တတိယအပတ်မှာ ကျင်းပပြီးစီးခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးရဲ့ အတည်ပြုချက်နဲ့ ပယ်ဖျက်ပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။
MRTV- 4
Subscribe to:
Post Comments (Atom)