Tuesday, October 29, 2013

၂၀၁၄ဇန်န၀ါရီလတွင် သန်းခေါင်စာရင်း လူထုအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်မည်

0 comments
29.10.2013

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင်ပြည်သူများ ကျယ်ကျယ်ပျံ့ပျံ့ သိရှိနိုင်စေရန် ၂၀၁၄ခုနှစ်၊ဇန်န၀ါရီလ ပထမပတ်မှ စတင်ကာ လူထုအသိပညာပေး လုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူအင်အား ၀န်ကြီးဌာနုပြည်ထောင်စု ၀န်ကြီးဦးခင်ရီက ပြောကြားသည်။

လူထုအားကျယ်ပြန့်စွာ သိရှိနိုင်ရန်အနုပညာရှင်များမှ ဂီတဖျော်ဖြေပွဲများ ပြုလုပ်ကာ အသိပညာပေးခြင်းများပြုလုပ်သွားမည်ဖြစ်ပြီး ၀န်ကြီးဌာနများဘက်မှလည်းဟောပြောဆောင်ရွက် သင့်သည် များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ ပြောတာနဲ့ ခုချိန်မှာအနုပညာရှင်တစ်ယောက်လာပြောရင် ပိုပြီး ပြည်သူတွေ နားဝင်
တာပေါ့။ ဒါကြောင့်ဇန်န၀ါရီ ပထမ ပတ်မှာ ဖျော်ဖြေပွဲတွေလုပ်ဖို့ ရှိတယ်” ဟု ဦးခင်ရီက ပြောကြားသည်။


ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင်ပြည်သူများ ကြောက်ရွံ့ခြင်းမရှိပဲ မှန်ကန်စွာ ဖြေပေး
ကြရန် လူထုပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ပြီး မိသားစုများနှင့် နေထိုင်သူများကို မေးခွန်း၄၁ခု
ဖြေဆိုရမည်ဖြစ်ကာ ဟိုတယ်ရှိဧည့်သည်များ၊ ရဲတပ်ဖွဲ့၊စစ်တပ်များတွင် နေထိုင်သော လူလွတ် များကို မေးခွန်း ၁၁ခုကိုသာ ဖြေဆိုရမည်ဖြစ်ကြောင်း ၂၀၁၄ခုနှစ် ပြည်လုံး ကျွတ်သန်းခေါင် စာရင်း ကောက်ယူရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားခဲ့သည်။

ရေးသားသူ - သက်သက်မိုးသူ၊ နန္ဒာယမင်း
တည်းဖြတ်သူ - ဂျူးဂျူးလှိုင်
People power

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here