Saturday, October 19, 2013

" စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဆက်သွယ်မှုဧရိယာပြင်ပ၀န်ကြီး ဌာန တစ်ခုထပ်တိုးရန် လိုအပ်နေဟု မုံရွာမြို့ခံများပြောဆို"

0 comments

FROM : ThanLarWaddy Times
ယခုရက်ပိုင်းအတွင်း GSM , CDM 450,CDMA 800,WCDMA တယ်လီဖုန်း လိုင်းများ ပြောဆို ခေါ်ယူ၍ မရလောက်အောင်ဖြစ်နေပြီး ဆက်သွယ်ခေါ်ဆို ချိန်တိုင်း ဆက်သွယ်မှု ဧရိယာပြင်သို့ရောက်ရှိ နေပါတယ်လို့ အဆက်မပြတ် အသံထွက်ပေါ်နေလျှက်ရှိသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့တွင် ဆက်သွယ်မှုဧရိယာပြင်ပ ၀န်ကြီးဌာန တစ်ခုထပ်မံတိုးချဲ့ဖွဲ့စည်း ရန်လိုအပ်နေပြီလို့ မုံရွာမြို့ခံများအကြားပြောဆိုသံများထွက်ပေါ်နေလျှက်ရှိ နေကြောင်း သလ္လာဝတီတိုင်းမ်မီဒီယာဂရုမှ သိရှိရပါသည်။
" ဒီရက်ပိုင်းမှာ ဖုန်းလိုင်းတွေ ဘယ်လိုင်းမှ မကောင်းဘူး အရမ်းစိတ်ပျက် ဖို့ကောင်းလှပါတယ်။ ခေါ်လိုက်တဲ့ အချိန်တိုင်းမှာ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်ရှိနေပါတယ် ဆိုပြီး အဆက်မပြတ် အသံထွက်ပေါ်လာတယ်။ နောက် ပြီး တယ်လီဖုန်းဆက်သွယ်မှုလိုင်များမအားသေးပါရှင် တစ်ကယ်တန်းအဲဒီ ဖုန်းက ဘယ်မှလည်းမပြောရဘူး။ အဲဒီထက်ပိုလို့ဆိုးတာက ဖုန်းမပိတ်ပါဘဲ စက်ပိတ်ထားပါတယ်ရှင် လို့ အသံထပ်ပြီးထွက်ပေါ်လာတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ်မလုပ်နိုင်ရင် လုပ်ကိုင်နိုင်တဲ့ ပြည်ပ ကုမ္ပဏီတွေကို အမြန်ချပေးသင့်တယ်။ ပြည်ထောင်းစုဝန်ကြီး ကအစ တိုင်းဆက်သွယ်ရေးက အရာရှိအရာခံတွေ ရှက်တတ်ရင်လဲသေဘို့ကောင်း ပါတယ်။
ကျွန်မတို့ ဈေးအရောင်းအ၀ယ်လုပ်တဲ့သူတွေဆိုရင် ဖုန်းအဆက်အသွယ် အခက်အခဲကြောင့် ကုန်ပစ္စည်းမှာရတာကအစ ငွေလွှဲကိစ္စအဆုံး အများကြီး အခက်ကြုံနေရပါတယ်လို့" ချင်းတွင်းရတနာဈေးမှ ကုန်သည်အမျိုးသမီး တစ်ဦးက သလ္လာဝတီတိုင်းမ် ကိုပြောပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here