ညောင်ရွှေစော်ဘွားကြီး ဆာစ၀်မောင်သည် ကောဇာသက္ကရာဇ် ၁၂၀၉ ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၅) ရက် (လပြည့်နေ့) တနင်္ဂနွေနေ့တွင် ခမည်းတော် စောသုဒေ၀ နှင့် မယ်တော် စောနန်းစင့် တို့မှ ဖွားမြင်ခဲ့လေသည်။ ၁၂၁၄-ခုနှစ်၊ သက်တော်ငါးနှစ်သားအရွယ်တွင်
မင်းတုန်းမင်းသားကြီး အထွဋ်အထိပ် (ဘုရင်အဖြစ်) သို့ရောက်တော်မူပြီးလျှင် မန္တလေးရတနာပုံ နေပြည်တော်ကြီးကို တည်ထောင်ဖန်ဆင်းတော်မူ၍ ရွှေထီး၊ ရွှေနန်း သိမ်းမြန်းစိုးစံတော်မူပြီး
သက္ကရာဇ် ၁၂၂၀-ခုနှစ်တွင် ခမည်းတော်မင်းတုန်းမင်းတရား
၁၂၂၇-ခုနှစ်၊ သက်တော် (၁၈) နှစ်အရွယ်တွင် ခမည်းတော်မင်းတုန်းမင်းတရား
“ကမ္ဗောဇရဌ မဟာဝံသ သိရီပ၀ရ သုဓမ္မရာဇာ” ဟူသော ဘွဲ့ထူးကိုပေးအပ်၍ ထီးဖြူ၊ ရွှေထား၊ ရွှေဖလားများအပြင်၊ ထွက်စည်၊၀င်စည်၊ အဆောင်အယောင်များကိုလည်းကော
ထို့ပြင် ရွှေချိန် (၁၀၈) ကျပ်သားရှိ မြတ်စွာဘုရား၏ ပါဒ စက်လက္ခဏာပုံတော်၊ ပတ္တမြားကိုရစ် ရွှေစစ်ကွပ်သံလျက်တော် တို့နှင့်တကွ မြတ်စွာဘုရား၏ ဓါတ်တော် မွေတော်အစစ်များကိုလည်း ချီးမြှင့်တော်မူခဲ့လေသည်။ အထူးခွင့်ပြုချက်တရပ်မှာ နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တိုင်း
ခမည်းတော် မင်းတုန်းမင်းတရားကြီးမှာ “နေထွက်ဘုရင်” ဖြစ်၍ နေ့ပဟိုရ်၊ ညဥ့်ပဟိုရ် အပြည့်တီးရပေသည်။ ညောင်ရွှေစော်ဘွား စ၀်မောင်မှာကား “နေ၀င်ဘုရင်” ဖြစ်၍ ညဥ့်ပဟိုရ်လေးကြိမ်သာ တီးခွင့်ရလေသည်။ စော်ဘွားကြီး စ၀်မောင်သည် (၂၉) ဆက်မြောက် ညောင်ရွှေစော်ဘွားကြီး အဖြစ်စိုးစံအုပ်ချုပ်ရလေသည်
(ရှမ်းပြည်နယ်လုံးဆိုင်ရာ ၀ိနယာဒိနုဂ္ဂဟ စာပြန်ပွဲတော်ရွှေရတု သမိုင်းစာအုပ်၊ စာမျက်နှာ ၇။ ၈ မှကောက်နုတ်ဖော်ပြသည်။) ဆက်လက်ဖော်ပြပါဦးမည်။