Wednesday, October 23, 2013

မြန်မာ့ပင်လယ်ပြင်တွင် Fishing Rights ဖြင့် ဖမ်းဆီးနေသည့် နိုင်ငံခြား ငါးဖမ်းရေယာဉ်များကို သက်တမ်း ထပ်တိုးမပေးရန် ဆုံးဖြတ်

0 comments
               မြိတ်ဆိပ်ကမ်းရှိ နိုင်ငံသားပိုင် ငါးဖမ်းစက်လှေ တစ်စင်းကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး)
  23-10-2013

မြန်မာ့ပင်လယ်ပြင်တွင် Fishing Rights အစီအစဉ်ဖြင့် ဖမ်းဆီးနေသည့် နိုင်ငံခြား ငါးဖမ်းရေယာဉ်များကို ဖမ်းဆီးခွင့် သက်တမ်း ထပ်တိုးမပေးရန် ဆုံးဖြတ်လိုက်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိ သူများက အောက်တိုဘာ ၂၂ ရက်က ပြောကြားသည်။

လက်ရှိတွင် မြန်မာ့ပင်လယ်ပြင်၌ Fishing Rights အစီအစဉ်ဖြင့် ဖမ်းဆီးနေသည့် ထိုင်းနိုင်ငံမှ Ryuji International Co.,Ltd က မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနသို့ ဖမ်းဆီးခွင့် ထပ်တိုးပေးရန် ထပ်မံ တောင်းဆိုထားသည်။

အထက်ပါ ကုမ္ပဏီက မြန်မာ့ပင်လယ်ပြင်တွင် Fishing Rights ဖြင့်ဆက်လက် ဖမ်းဆီးခွင့် ရရန် တောင်းဆိုခြင်းနှင့် ပတ်သက်၍ နောက်ထပ် ဖမ်းဆီးခွင့် ထပ်တိုးပေးရန်သင့်၊ မသင့်ကို ဆုံးဖြတ်ရန် အတွက်ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နေပြည်တော်ရှိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၏ အစည်းဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်ထောင်စု ၀န်ကြီးအပါအ၀င် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် အခြားပညာရှင်များက နောက်ထပ် ဖမ်းဆီးခွင့်သက်တမ်း ထပ်တိုးမပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

"နေပြည်တော်မှာ ကျင်းပတဲ့ Fishing Rights အစီအစဉ်နဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ နိုင်ငံခြား ငါးဖမ်းယာဉ်တွေကို သတ်မှတ်ပြီး စာချုပ်ချုပ်ဆိုထားရက် ပြည့်ရင်တော့ နောက်ထပ် ဖမ်းဆီးခွင့်မပေးဖို့၊ ပိတ်သိမ်းဖို့အတွက် ပညာရှင်များ အားလုံးက ထပ်တိုးမပေးဖို့ ဆုံးဖြတ်ကြပါတယ်" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ နာယက ဦးစိုးဝင်းက ပြောကြားသည်။

Fishing Rights အစီအစဉ်ဖြင့် ဖမ်းဆီးနေသည့် နိုင်ငံခြား ငါးဖမ်းရေယာဉ်များထံမှ တစ်နှစ်လျှင် အခွန်ငွေ အမေရိကန် ဒေါ်လာ ၁၂ သန်းကျော် ရရှိကြောင်း သိရပြီး ယင်းငါးဖမ်းရေယာဉ်များ၏ ဖမ်းဆီးခွင့် သက်တမ်းမှာ လာမည့် ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း သိရသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here