Saturday, November 23, 2013

စက်သုံးဆီ မှောင်ခို တင်သွင်းမှု လာမည့် ရက်သတ္တတစ်ပတ်အတွင်း စတင်စစ်ဆေးမည်

0 comments


23.11.2013

တရားမဝင် ကုန်သွယ်မှု ရွေ့လျား တိုက်ဖျက်ရေးအဖွဲ့ (Mobile Team) သည် ရန်ကုန်မြစ် အတွင်းသို့ ဝင်ရောက်လျက် ရှိသည့် စက်သုံးဆီ တရားမဝင် တင်သွင်းမှုများကို နိုဝင်ဘာလ တတိယပတ်အတွင်း စတင် စစ်ဆေးမည် ဖြစ်ကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

စက်သုံးဆီ သင်္ဘောငယ်များသည် နိုင်ငံခြား စက်သုံးဆီ သင်္ဘောကြီးများ ကျောက်ချ ရပ်နားရာ OEA၊ NEA မှတစ်ဆင့် စက်သုံးဆီများကို ရန်ကုန်မြစ် တစ်လျှောက် တင်ဆောင်လာလေ့ ရှိကြောင်း၊ ထိုသို့ သယ်ယူမှုတွင် လိုင်စင် မပါရှိခြင်း၊ လိုင်စင် ပါသော်လည်း အရေအတွက် ပိုမိုတင်ဆောင်ခြင်းနှင့် အမျိုးအစား ကွဲလွဲစွာ တင်ဆောင်ခြင်းများ ပြုလုပ်လေ့ ရှိသဖြင့် ယင်းတို့ကို တားဆီးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ရေကြောင်း ရဲတပ်ဖွဲ့ဆီကနေပြီး သင်္ဘောလည်း ရပြီးပြီ။ နိုဝင်ဘာ ၁ ရက်နေ့ ကတည်းက လုပ်မလို့။ သူတို့ကလည်း ဆီးဂိမ်း ရှိနေတော့ မလုပ်ဖြစ်တာ။ ဖမ်းဖိရင်တော့ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အရေးယူမယ်” ဟု ၎င်းကဆိုသည်။

မှောင်ခို ကုန်သွယ်မှု ၈၀ ရာခိုင်နှုန်း ဝင်ရောက်ရာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် မှောင်ခို ဝင်ရောက်မှုကို စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း အဆိုပါ ပုဂ္ဂိုလ်က ရှင်းပြသည်။

ပေါက်ကွဲလွယ်သော နိုင်ငံခြား စက်သုံးဆီ သင်္ဘောကြီးများသည် လူနေ အဆောက်အအုံများနှင့် နီးကပ် သည့် နေရာတွင် ရပ်နားခွင့် မရှိကြောင်း၊ ထို့ပြင် ရန်ကုန်မြစ်သည် ရေစူး တိမ်သောကြောင့် ပင်လယ်ကူး သင်္ဘောကြီးများလည်း ဆိုက်ကပ်၍ မရကြောင်း၊ မိုဘိုင်းတင်းမ် အဖွဲ့သည် OEA၊ NEA နေ ရာနှင့် တော်ကလူးကြားတွင် ကင်းလှည့် သင်္ဘောဖြင့် တရားမဝင် စက်သုံးဆီ တင်သွင်းမှုကို တားဆီး သွားမည် ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံး သူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားသည်။“မနက်ဖြန် အဲဒီအတွက် အစည်းအဝေး လုပ်မယ်။ UMFCCI လည်း ဖိတ်ထားတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ မှောင်ခို ကုန်သွယ်မှုသည် ပင်လယ် ရေကြောင်းမှ ၈၀ ရာခိုင်နှုန်း ရှိပြီး နယ်စပ်မှ ဝင်ရောက်မှုသည် ၂၀ ရာခိုင်နှုန်း ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် က ပြောကြားထားသည်။

ပြည်တွင်းသို့ စက်သုံးဆီများ တရားမဝင် ဝင်ရောက်နေမှုတွင် ပြည်တွင်း ထိပ်တန်း ကုမ္ပဏီကြီးများ ပါဝင် ပတ်သက်နေကြောင်းရန်ကုန်တိုင်းဒေသကြီးလှိုင်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြင့်က ပြည်သူ့လွှတ်တော်သို့ တင်သွင်းသည့် အဆိုတွင် ဖော်ပြထားသည်။

မြဝတီ နယ်စပ်မှ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဇူလိုင်လ တစ်လအတွင်း ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရာတွင် စက်သုံးဆီ တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၇ သန်းကျော် ကွာဟလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

The  Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here