Friday, November 15, 2013

သင်းဖွဲ့စည်းမျဉ်းဥပဒေသစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန မပါစေလို

0 comments

 မြန်မာ့ခေတ်


နိုဝင်ဘာ ၂၄ ရက်တွင် ပြန်လည်ဆွေးနွေးမည့် အသင်းအဖွဲ့အစည်းမျဉ်းဥပဒေအား အစိုးရမှ ပါဝင်ပတ် ခြင်းမရှိသည့် အဖွဲ့အနေဖြင့်သာ ရပ်တည်လိုကြောင်း အသင်းအဖွဲ့သုံးရာကျော်အား ကိုယ်စားပြုသည်ဆိုသော 3N Network မှ ဒေါ်နွယ်ဇင် ၀င်းက နိုဝင်ဘာလ ၁၃ ရက်ကပြုလုပ်ခဲ့သော အသင်းဖွဲ့စည်းမျဉ်း ဥပဒေနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

လက်ရှိရေးဆွဲလျက်ရှိသည့် သင်းဖွဲ့စည်းမျဉ်းဥပဒေအသစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနကို အဓိကအခန်း ကဏ္ဍတွင် ထည့်သွင်းထားလျက်ရှိပြီး သင်းဖွဲ့စည်းမျဉ်းဥပဒေသစ်ထဲ၌ ပြည်ထဲရေးဝန်ကြီးဌာနအား မထည့်သွင်းသင့်ကြောင်း ဒေါ်နွယ်ဇင်ဝင်းက ပြောသည်။“ပြည်ထဲရေးကို မကောင်းမြင်နေတာက အရင်ထဲကပါ။ သူတို့တွေကလည်း အဲဒီအတိုင်း ကျွန်မတို့အ သင်းအဖွဲ့ဆိုရင် မကောင်းမြင်နေတာ အရင်ထဲကပါ။ ကျွန်မအနေနဲ့ကတော့ ဒီဥပဒေမှာ ပြည်ထဲရေးဝန် ကြီးဌာနအနေနဲ့ ဖြစ်နိုင်သမျှတော့ မပါစေချင်ဘူး”ဟု ဆိုသည်။

လက်ရှိ ဖွဲ့စည်းနေသော အသင်းအဖွဲ့များသည် ယခင်စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သော ၁၉၈၈ ခုနှစ် အသင်းအဖွဲ့စည်းမျဉ်းဥပဒေနှင့်သာ ဖွဲ့စည်းလျက်ရှိပြီး ယင်း ၁၉၈၈ အသင်းအဖွဲ့စည်းမျဉ်းဥပဒေ တွင် အသင်းအဖွဲ့နှင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်သော ပြစ်ဒဏ် လည်း ပါဝင်နေသည်။“ကျွန်မအနေနဲ့ အခု ရေးဆွဲနေတဲ့ ဥပဒေအသစ်ကို အမြန်ထွက်စေချင်ပြီ။ ဘာလို့လည်းဆိုတော့ ခုထွက်မယ့် သင်းဖွဲ့စည်းမျဉ်းဥပဒေဟာ အသင်း အဖွဲ့တွေ အတွက် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ပေး ထားတာကို တွေ့ရတယ်”ဟု ဒေါ်နွယ်ဇင်ဝင်းက ပြောသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက “နောက်ဆုံး အဖွဲ့အစည်းတွေအနေနဲ့ ကော်မရှင်တင်ပြထားတဲ့ မူကြမ်းကို ကျွန်မတို့ အနေနဲ့ သဘောတူပါတယ်။ အဲအတိုင်းဆိုရင် အဖွဲ့အစည်းတစ်ခုက လူတစ် ယောက်အနေနဲ့ ကျွန်မ အတွေ့ကြုံအရဆိုရင် ဒီဥပဒေဟာ အဖွဲ့အစည်းတွေကို ပံ့ပိုးကူညီပေးတယ်”ဟု ပြောသည်။

ယခုဥပဒေသစ်တွင် ပြည်ထဲရေးဝန်ကြီးဌာသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေခြင်းအား ၎င်းက ဆက်လက်၍ “လောလောဆယ်အနေနဲ့ ဒီဥပဒေအရဆိုရင် ၀န်ကြီးဌာနတစ်ခုရဲ့ ခွင့်ပြုချက်တော့ ပေးသင့်တယ်။ ဒါပေမဲ့ ဒါမျိုးအတွက်ဆိုရင် ministry of social welfare ပဲဖြစ်သင့်တယ်”ဟု ဆိုသည်။သင်းဖွဲ့စည်းမျဉ်းဥပဒေသစ်အား မကြာမီတွင် လွှတ်တော်၌ အတည်ပြု ဆွေးနွေးသွားရန် စီစဉ်နေသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here