Friday, November 15, 2013

ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲမှ ရရှိသည့် ငွေအားလုံးကို လှူဒါန်းမည်

0 comments

15.11.2013

ဒုတိယအကြိမ်အဖြစ် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်တွင် ကျင်းပမည့် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲမှ ရရှိသော ၀င်ကြေးအားလုံးကို ကလေးများနှင့်ပတ်သက်သည့် ပရဟိတအဖွဲ့များကို လှူဒါန်းမည်ဖြစ်ကြောင်း အဆိုပါမာရသွန်ပြိုင်ပွဲ၏ စီမံကိန်းမန်နေဂျာဒေါ်ခင်စန္ဒာဝင်းက ပြောကြားသည်။ယင်းပြိုင်ပွဲသို့ နိုင်ငံတကာမှ အပြေးသမားများ လာရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်ကြေး အားလုံးကို မြန်မာနိုင်ငံရှိ စည်ပင်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းခွဲက ဦးစီးသည့် နေ့ကလေးထိန်း ကျောင်း၊ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာနှင့် မုံရွာမိဘမဲ့ဂေဟာတို့ကို လှူဒါန်းသွားမည်ဖြစ် သည်။

ဒေါ်ခင်စန္ဒာဝင်းက “ဒီနှစ်လှူဒါန်းမယ့် ပရဟိတအဖွဲ့အစည်း သုံးခုကို လေ့လာထားပါတယ်။ အခုလှူဒါန်းမယ့် အဖွဲ့တွေက အမှန်တကယ် လိုအပ်ပြီး အခက်အခဲတွေနဲ့ တွေ့ကြုံနေရတဲ့ ကလေးတွေကို ကူညီစောင့်ရှောက်ပေးနေတာကို တွေ့ရပါတယ်။ ရရှိတဲ့ ၀င်ကြေးငွေတွေကို ညီတူညီမျှ ခွဲဝေလှူဒါန်းသွား မယ်”ဟု ဆိုသည်။ မာရသွန်ပြိုင်ပွဲ အတွက် ပွဲစဉ်များမှာ ၄၂ ကီလိုမီတာအပြည့် မာရသွန်၊ ယခင်နှစ်က ၁၀ ကီလိုမီတာအစား ယခုနှစ်တွင် ၂၁ ကီလိုမီတာကို အစားထိုး လိုက်ပြီး နောက်တစ်ခုမှာ ငါးကီလိုမီတာ အပျော်တန်း အပြေး ပြိုင်ပွဲတို့ ဖြစ်သည်။

လက်ရှိတွင် မာရသွန်ပြိုင်ပွဲစီစဉ်သူများအနေနှင့် မာရသွန်းပြေးမည့်နေရာများကို ရန်ကုန်မြို့၏လှပသည့် ရှုခင်းများ၊ အထင် ကရ နေရာများ ပါဝင်ရန် ရည်မှန်းထားပြီး တိကျသည့် နေရာသတ်မှတ်မှု မရှိသေးဘဲ တာထွက်နှင့် ပန်းဝင်ရန်နေရာကို ပထမအကြိမ်က ပြည်သူ့ရင်ပြင်တွင် သတ်မှတ်ခဲ့သော်လည်း ယခုတစ် ကြိမ်တွင် သုဝဏ္ဏ အားကစားရုံကို သတ်မှတ် ထားသည်။

မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်တစ်ဦးလျှင် မြန်မာကျပ်ငွေ ၅၀၀၀ ဖြစ်ပြီး နိုင်ငံခြားသားတစ်ဦးလျှင် ပြိုင်ပွဲအမျိုးအစား အဆင့်အလိုက် ၀င်ကြေး အမေရိကန်ဒေါ်လာ ၃၀ မှ ၅၅ အထိ သတ်မှတ်ထားသည်။ပါဝင်ယှဉ်ပြိုင်လိုသူများသည် ရိုးမ-ရန်ကုန် အပြည်ပြည် ဆိုင်ရာ မာရသွန်၏ အင်တာနက်စာမျက်နှာ ww w.yoma-yangonmarathon.com တွင်လည်းကောင်း၊ ရန်ကုန်ရှိ FMI Centreတွင် စာရင်းပေးသွင်းနိုင်ပြီး ဒီဇင်ဘာလကုန်တွင် စာရင်းပိတ်မည် ဖြစ်သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here