Monday, November 11, 2013

ရန်ကုန်မြို့ ဒုတိယ စီးပွားရေး ဗဟိုဇုန်နှင့် မင်္ဂလာတောင်ညွန့် စီးပွားရေး စီမံကိန်း မြေနေရာများ ငှားရမ်းခြင်းမှ ၀င်ငွေကျပ် ၇၉ ဘီလျံကျော် ရမည်ဟု လျာထား

0 comments
မရမ်းကုန်း မြို့နယ်အတွင်း ဒုတိယ စီးပွားရေးမြို့တော် ဧရိယာ အနီးပတ်ဝန်းကျင်အား တွေ့ရစဉ် Monday, November 11, 2013

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် အကောင်အထည်ဖော်မည့် ဒုတိယ စီးပွားရေး ဗဟိုဇုန် (မင်းဓမ္မ စီမံကိန်း)နှင့် မင်္ဂလာတောင်ညွန့် စီးပွားရေး အဆောက်အအုံများ စီမံကိန်းတို့ ပြုလုပ်မည့် မြေနေရာများ လုပ်ငန်းရှင်များအား ငှားရမ်းခြင်းမှ ပရီမီယံကြေး ၀င်ငွေ ကျပ် ၇၉ ဒသမ ၂၃၈ ဘီလျံ ရမည်ဟု လျာ ထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တွင် ပြော ကြားသည်။

မရမ်းကုန်းမြို့နယ် ဒုတိယ ဗဟိုစီးပွားရေးဇုန် ဧရိယာ ၃၆ ဒသမ ၅၅၁ ဧကနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် စီးပွားရေး အဆောက်အုံများ စီမံကိန်းအတွက် စက်ရုံနှင့် မော်တော်ယာဉ်ဝင်း မြေဧရိယာ ၈ ဒသမ ၅၁၈ ဧကတို့ကို ငှားရမ်းခြင်းမှ ပရီယံကြေးဝင်ငွေ ကျပ် ၇၉ ဒသမ ၂၃၈ ဘီလျံ ရရှိရန် မှန်းထားခြင်း ဖြစ်သည်။

ရန်ကုန်မြို့၏ ဒုတိယစီးပွားရေး ဗဟိုဇုန် စီမံကိန်းနှင့် မင်္ဂလာတောင်ညွန့် စီးပွားရေး အဆောက်အအုံများ စီမံကိန်း မြေနေရာများအား ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ၊ ပြည်တွင်းနှင့် ပြည်ပ ဖက်စပ်လုပ်ကိုင်မည့် လုပ်ငန်းရှင်များအား ငှားရမ်းရန် တင်ဒါခေါ်ယူထားပြီး၊ လျှောက်လွှာများကို စက်တင်ဘာလလယ်မှ စတင်ရောင်းချခဲ့ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် နောက်ဆုံးထား တင်ဒါသွင်းရမည်ဖြစ်သည်။

ဒုတိယ ဗဟိုစီးပွားရေးဇုန် စီမံကိန်းအတွက် စိတ်ဝင်စား၍ လျှောက်လွှာဝယ်ယူထားသော ကုမ္ပဏီ ၂၅ ခုခန့် ရှိနေပြီး ကိုရီးယား Sae.A Trading Co. Ltd၊ ပြည်တွင်းရှိ နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် လက်ရှိရွှေဂုံတိုင် ခုံးကျော်တံတား ဆောက်လုပ်နေသော Capital Development Co .Ltd၊ A1 Construction၊ Asia Picific Construction၊ Ayeyar Hin Thar Construction၊ Yangon Engineering Group စသည်တို့ ပါဝင်ပြီး ယင်းစီမံကိန်းတွင် ဟိုတယ်၊ ကွန်ဗင်းရှင်းစင်တာ၊ ပြခန်းကြီးများ၊ ကဇာတ် ရုံများ၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်ကြီးများ၊ အီလက်ထရွန်နစ် စင်တာများ၊ အရောင်းခန်းမကြီးများနှင့် ရုံးခန်းအဆောက်အအုံများ ပါဝင်မည်ဖြစ်ပြီး ၂၀၁၄ တွင် စတင်ရန် မှန်းထားသည်။

ရန်ကုန်မြို့လယ်နှင့် နီးကပ်နေသည့် မင်္ဂလာတောင်ညွန့် စီးပွားရေး အဆောက်အအုံများ စီမံကိန်းကို ဗိုလ်မင်းရောင်လမ်း ဂုဏ်ရည်လမ်းတို့တွင် အကောင်အထည် ဖော်မည်ဖြစ်ပြီး ဟိုတယ်၊ ကွန်ဗင်းရှင်း စင်တာ၊ ပြခန်းကြီးများ၊ ကဇာတ်ရုံများ၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်ကြီးများ၊ အီလက်ထရွန်နစ် စင်တာ များ၊ အရောင်းပြခန်းမကြီးများ (Shopping Mall)၊ ရုံးခန်းအဆောက်အအုံများနှင့် လူနေကွန်ဒို တိုက်ခန်း များ တည်ဆောက်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းအတွက် မြေငှားရမ်း လုပ်ကိုင်လို၍ လျှောက်လွှာဝယ်ယူထားသည့် ကုမ္ပဏီ ၂၀ နီးပါးရှိပြီး ပြည်ပနှင့် ပြည်တွင်း ဖက်စပ်ကုမ္ပဏီ အနေဖြင့် Daiwa Housing Industry Co.Ltd (Tokyo) & Shin Ye Htut Construction Management and Developer Co.,ltd၊ ပြည်တွင်းရှိ နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် Capital Development Co.,Ltd၊ A1 Construction၊ Asia Picific Construction၊ New Innovation Co., Ltd၊ Ga Mone Pwint Co.,Ltd။ IGE Co.Ltd အပြင် TDDPC Co.,Ltd ? KYAY "O" KYEE Construction၊ Electrum Construction စသည်တို့ ပါဝင်သည်။

အဆိုပါ စီမံကိန်း နှစ်ခုစလုံးတွင် မြေငှားရမ်း လုပ်ကိုင်လိုသူများ အနေဖြင့် အာမခံ စပေါ်ငွေ အမေရိ ကန်ဒေါ်လာ တစ်သန်း တင်ထားရမည်ဟု ထုတ်ပြန်ထားသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here