Thursday, November 14, 2013

တမံသလင်းပေါ်၌ စာသင်နေရသည့် ကျောင်းသားများအတွက် စာသင်ခုံများလိုအပ်

0 comments



































အ.ထ.က(ဟောင်လိတ်)၌ တမံသလင်းပေါ် ဖျာခင်း၍ စာသင်နေရသည့် ကျောင်းသားများအတွက် စာသင် ခုံများ လှူဒါန်းနိုင်ရန် ကွင်းဆင်း

14.11.2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်းများ အနက် မကြာသေးမီကာလက အခြေခံပညာအထက်တန်းကျောင်းခွဲအဖြစ်မှ အခြေခံပညာ အထက်တန်းကျောင်း အဖြစ် အဆင့်တိုးမြှင့်ခြင်းခံရသည် အခြေခံ ပညာ အထက်တန်းကျောင်း
 (ဟောင်လိတ်) တွင် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ၀န်းကျင်မှာ စာရေးခုံ လုံလောက်ခြင်း မရှိသည့်အတွက် အောက်ခင်းတမံသလင်းပေါ်၌ ဖျာခင်း၍ စာသင် ယူနေရကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ခရိုင်လ၀ကမှူး ဦးကျော်စွာလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး အပါအ၀င် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီမှ ဥက္ကဌ ဦးကြည်မြင့်၊ အတွင်းရေးမှူး ဦးကျော်ငြိမ်းနှင့် ကော်မတီဝင် ဦးတင်နွယ်၊ ခရိုင်ပညာရေး ကူညီပံ့ပိုးမှုကော်မတီ အတွင်းရေးမှူး ဦးထိန်မင်း၊ ပညာရေးဌာနမှ မြို့နယ်လက်ထောက် ပညာရေးမှူး ဦးစိုးတင့် နှင့် ဟောင်လိတ်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သည့် အဖွဲ့မှ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၄ရက် နေ့လည် ၁၁နာရီအချိန်ခန့်က သွားရောက် ကွင်းဆင်းကြည့်ရှုရာ အထက(ဟောင်လိတ်) ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းအေးမှ လိုက်လံရှင်းလင်းပြသပြီး ကျောင်းသား၊ကျောင်းသူ ၂၀၀ ၀န်းကျင်တို့မှာ အောက်ခင်း တမံသလင်းပေါ်၌ ဖျာခင်း၍ စာသင်ယူနေရသည်ကို တွေ့ရှိခဲ့ရသည်။

ကွင်းဆင်းအဖွဲ့မှ ကျောင်းအတွင်း လိုအပ်နေသည့် စာသင်ခုံများအား တွက်ချက်ကြည့်သည့်အခါမှာ စာသင်ခုံ ၆၆ ခုံ လိုအပ်သည့်အတွက် အဆိုပါ ခုံများကို ပညာရေး ကူညီပံ့ပိုးမှုကော်မတီ၏ ရန်ပုံငွေထဲမှ လှူဒါန်း ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

အောက်ခင်းတမံသလင်းပေါ်တွင် စာသင်နေရသည့် အတန်းများမှာ သတ္တမတန်း ၂ ခန်း နှင့် တတိယတန်း ၁ ခန်းဖြစ်ပြီး အဆိုပါ စာသင်သား ကျောင်းသား၊ ကျောင်းသူ ၂၀၀ ၀န်းကျင်ရှိပြီး အခြေခံပညာ အထက်တန်း ကျောင်း (ဟောင်လိတ်)၌ ကျောင်းသား ၁၀၆၂ ဦး နှင့် ကျောင်းသူ ၁၀၉၄ ဦး စုစုပေါင်း ၂၁၅၆ ဦးရှိကြောင်း သိရှိရသည်။

Tachileik 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here