Saturday, November 9, 2013

လှိုင်သာယာစက်မှုဇုန် မြန်မာ့စီးပွားရေး ဦးပိုင်ဝင်းအတွင်းရှိ အနံ့အသက်ဆိုးများ ထွက်ရှိသည့် ငါးအသားမှုန့်ထုတ် စက်ရုံနှစ်ခုအား လတ်တလော စက်ရုံပိတ်ထားရန် ညွှန်ကြားထား

0 comments

နိုဝင်ဘာ ၇ ရက်က ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီး တင်ဝင်းအား တွေ့ရစဉ်

  Saturday, November 9, 2013

အနံ့အသက်ဆိုးများ ထွက်ရှိသည်ဟု ပတ်ဝန်းကျင် ပြည်သူက တိုင်ကြားခံထားရသော လှိုင်သာယာ စက်မှုဇုန်၊ မြန်မာ့စီးပွားရေး ဦးပိုင်ဝင်း အတွင်းမှ ငါးအသားမှုန့် ထုတ်သည့် Sea Lord နှင့် Yong Brother ကုမ္ပဏီ စက်ရုံနှစ်ခုအား လတ်တလော စက်ရုံပိတ်ထားရန် ညွှန်ကြားထားကြောင်း နိုဝင်ဘာ ၇ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အထူး အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

ရွှေပြည်သာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၏ ''ရွှေပြည်သာမြို့နယ် အတွင်းရှိ အမှတ် (၁၀၊ ၁၁၊ ၁၂၊ ၁၃ နှင့် ၁၈) ရပ်ကွက်များသို့ တစ်ဖက်ကမ်း လှိုင်သာယာ စက်မှုဇုန် ငွေပင်လယ် ငါးမုန့်စက်ရုံမှ ငါးအပုပ်နံ့များကို နေ့စဉ်ရှူရှိုက်နေရ၍ ကျန်းမာရေး ထိခိုက်မှုများ ဖြစ်ပေါ်နေသောကြောင့် အနံ့အသက်ဆိုးများ ပပျောက်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ'' မေးမြန်းမှုအပေါ် ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက အထက်ပါကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

စွန့်ပစ်ရေများကို သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် စနစ်တကျ သန့်စင်ပြီးမှသာ စွန့်ပစ်ရေး၊ ထွက်ရှိ လာသော အနံ့အသက်ဆိုးများ၊ လေထုညစ်ညမ်းသော မီးခိုးများအား ပတ်ဝန်းကျင် မထိခိုက်အောင်၊ ကျန်းမာရေး မထိခိုက်အောင် နည်းပညာ ဆောင်ရွက်ရာတွင် နည်းပညာ အခက်အခဲ၊ နေရာအခက် အခဲကြောင့် အချိန်ကြန့်ကြာမှုများ ရှိခဲ့ကြောင်း...

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လှိုင်သာယာ စက်မှုဇုန် အပါအ၀င် စက်မှုဇုန်ပေါင်း ၃၀ ခန့်ရှိပြီး အဆိုပါ စက်မှုဇုန်များတွင် ယခင်အစိုးရ လက်ထက် ကတည်းက စက်မှုဖွံ့ဖြိုးရေး အတွက် ဦးတည်တည်ထောင် ခဲ့သော်လည်း စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ရေး၊ အန့အသက်ကင်းရေး၊ စွန့်ပစ်ရေများ စနစ်တကျ စွန့်ပစ်ဖြစ်အောင် သန့်စင်ပြီးမှ စွန့်ပစ်ရေး၊ လေထုညစ်ညမ်းမှု မဖြစ်ပေါ်စေရေးစသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာများကို ထည့်သွင်းစဉ်းစား ဖော်ထုတ်ထားသော စက်မှုဇုန်များ မဟုတ်ကြောင်း၊ ယနေ့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အလေးထား ဆောင်ရွက်လာချိန်တွင် စက်ရုံများမှ ထွက်ရှိသော အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး၊ စွန့်ပစ်ရေများကို သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် စနစ်တကျ သန့်စင်ပြီးမှသာ စွန့်ပစ်ရေး၊ ထွက်ရှိလာသော အနံ့အသက် ဆိုးများ၊ လေထုညစ်ညမ်းသော မီးခိုးများအား ပတ်ဝန်းကျင် မထိခိုက်အောင်၊ ကျန်းမာရေး မထိ ခိုက်အောင် နည်းပညာ ဆောင်ရွက်ရာတွင် နည်းပညာ အခက်အခဲ၊ နေရာအခက် အခဲကြောင့် အချိန်ကြန့်ကြာမှုများ ရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။

အနံ့ဆိုးများ ထွက်ရှိနေသည့် ငွေပင်လယ် စက်မှုဇုန်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များမှ ၀င်ရောက်စစ်ဆေးခဲ့ရာ အဆိုပါ စက်ရုံသည် မြန်မာ့စီးပွားရေး ဦးပိုင်ဝင်း အတွင်း၌ရှိပြီး Sea Lord ကုမ္ပဏီ Young Brother ကုမ္ပဏီတို့မှ ငါးအသားမှုန့် ထုတ်လုပ်သော စက်ရုံများဖြစ်ကြောင်း၊ ယင်းစက်ရုံမှ အနံ့ဆိုး ထွက်ရှိမှုများကို သွားရောက်စစ်ဆေးခဲ့ပြီး ပညာရှင်များ အဖွဲ့နှင့် အနံ့အသက်ပျောက်အောင် လိုအပ်သော နည်းပညာပိုင်းများ ပြုလုပ်ရန် မှာကြားခဲ့ပြီးဖြစ်ပြီး လတ်တလော ကုမ္ပဏီနှစ်ခုအား စက်ရုံပိတ်ထားရန်နှင့် အနံ့အသက် ပပျောက်စေရန် ပြုပြင်ပြီးမှသာ သတင်းပို့၍ စမ်းသပ်လည်ပတ်ရန် ညွှန်ကြား ခဲ့ပြီး ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

အဆိုပါ စက်ရုံနှစ်ခုမှာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ စီမံခန့်ခွဲ လုပ်ကိုင်နေသော စက်ရုံဖြစ်ပြီး စက်ရုံ ရှိသည်ကို စည်ပင်ကလည်း မသိရှိကြောင်း အောက်တိုဘာ ၃၁ ရက်က စည်ပင်က ထုတ်ပြန်ခဲ့သည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here