Friday, November 1, 2013

တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဘုံသဘောတူညီချက်အတွက် တိုင်းရင်းသားလက်နက်ကိုင်များ ကော်မတီဖွဲ့စည်းမည်

0 comments
1.11.2013

တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ် အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် ဘုံ သဘော တူညီချက် ချမှတ်နိုင် ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့ စည်း ဆောင်ရွက် သွားမည် ဖြစ်ပြီး ယင်းကော် မတီ၏ အစီရင်ခံစာ အား နိုဝင်ဘာ၁ရက် နေ့လယ် တွင် အပြီးသတ်ဆွေးနွေးပြီး ချ မှတ်သွားမည်ဖြစ်ကြောင်း UNFC အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြော ဆိုသည်။ အဆိုပါ ကော်မတီ တစ်ရပ် ဖွဲ့စည်းခြင်း အား KIO/KIA ဌာန ချုပ် လိုင်ဇာမြို့တွင် ကျင်းပနေ သည့် တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင် များ ထိပ်သီးညီလာ ခံ ဒုတိယနေ့ဖြစ်သည့် အောက် တိုဘာ၃၁ရက် အစည်းအဝေး တွင် ကော်မတီတစ်ရပ်ဖွဲ့စည်းရန် ဆုံး ဖြတ် ချက်ချမှတ် ခဲ့ခြင်းဖြစ်ပြီး ယင်း ကော်မတီတွင် ချင်းအမျိုးသား တပ်ဦး CNF ၏အဓိပတိကောင် စီဝင် ဒေါက်တာဆလိုင်းလျှံမုန်းမှ ဦးဆောင်၍ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတစ်ခုချင်း စီမှ ကိုယ်စားလှယ်တစ်ဦးကျစီပါ ဝင်ဆောင် ရွက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါကော်မတီမှ ကိုယ် စားလှယ်များမှ အောက်တိုဘာ ၃၁ရက် အစည်းအဝေးအပြီးတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးအတွက် မြန် မာ့ငြိမ်းချမ်းရေး စင်တာမှပေးပို့ထားသည့် မူကြမ်း၊ UNFC မှ မူကြမ်းနှင့် တိုင်းရင်း သား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ WGEC မှမူကြမ်းများ အားသုံးသပ်၍ အစီရင် ခံစာ တစ် စောင်အား နိုဝင်ဘာ၁ရက် နံနက် ၉နာရီတွင် ညီလာခံသို့တင်သွင်း ရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက ''အဲ့ဒီသုံးခုကို အကုန်လုံးဖတ်လိုက် တော့ ကောင်း နိုးရာ ရာတွေပေါ့ လေ ။ ကောင်းတာတွေလဲပါတယ်။ ဖယ်ချင်တာတွေ လဲပါတယ်။ ဒီ နေ့တစ်ရက်နဲ့က မပြီးပြတ်ဘူး။ မပြီးပြတ်တဲ့အခါ ကျတော့ ကောင်း တာတွေယူ။ မကြိုက်တဲ့ဟာတွေ ဖယ်။ အချောတစ်ခုကို ဒီညရေး ဖို့ ကော်မတီဖွဲ့လိုက်တယ်။ အဲ့ဒီ ကော်မတီက ရေးပြီးတော့ မနက် ၉နာရီမှာ ဒီမှာလာတင်ပြမယ်''ဟုပြောဆိုသည်။

နိုဝင်ဘာ၁ရက်တွင် ဘုံသ ဘောထားချမှတ်ပြီးစီးပါက ယင်း ဘုံသဘောထားအား လမ်းညွှန် မှုအဖြစ်ကိုင်စွဲ၍ အစိုးရနှင့်ဆက် စပ်ညှိနှိုင်းမည့် အလုပ်အဖွဲ့အား ရွေးချယ်မည်ဖြစ်ကြောင်း၊ ယင်း ကြောင့် ညီလာခံကျင်းပသည့် ရက် မှာ နိုဝင်ဘာ၂ရက်အထိ ရောက် ရှိသွားနိုင်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုသည်။

လင်းအောင်
The Yangon Times

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here