Monday, November 25, 2013

အသွင်ယူသက်သေနှင့်အတူ ပျော်ပါးစေပြီး ပြည့်တန်ဆာလုပ်ငန်းကို ၀င်ဖမ်း

0 comments
25.11.2013
 
ပြည့်တန်ဆာနှစ်ဦးကို ဟိုတယ်တစ်ခုသို့ လာရောက်ရန် ဖုန်းဆက်ချိန်းဆိုကာ အသွင်ယူ သက်သေဖြင့် ပျော် ပါးစေပြီးနောက် ဖမ်းဆီးလိုက်ပြီး ယင်းလုပ်ငန်း ဦးဆောင်လုပ်ကိုင်နေသူ များကိုလည်း နိုဝင်ဘာ ၂၂ ရက်က ဖမ်းဆီးလိုက်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။တာမွေမြို့နယ်၊ ဗညားဒလ လမ်းတွင် နေထိုင်သူ ၃၀နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် ပြည့်တန်ဆာ အမျိုးသမီးငယ်များ စုဆောင်း ကာ ပြည့်တန်ဆာ လုပ်ငန်းကို စီမံကြီးကြပ်လုပ်ဆောင်နေကြောင်း သတင်းရရှိခဲ့သဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အသွင်ယူသက်သေများဖြင့် ဖမ်းဆီးလိုက်ခြင်းလည်း ဖြစ်သည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့သည် အသွင်ယူသက်သေနှစ်ဦးကို မြန်မာကျပ်ငွေ ၅၀၀၀ တန်၂၀ ရွက်တိတိ သက်သေ များရှေ့တွင် ပေးအပ်၍ ပြည့်တန်ဆာ ခေါင်းကိုင်ဆောင်သော လက်ကိုင်ဖုန်းသို့ ဆက်သွယ်ကာ ပြည့်တန်ဆာ ကိစ္စပျော်ပါးရန်အတွက် အမျိုးသမီးနှစ်ဦးအား စေလွှတ်ပေးရန် ပြောဆိုခဲ့သည်။

ထို့နောက် အသက် ၂၀ နှစ်အရွယ် နှင့် ၂၂ နှစ်အရွယ် အမျိုးသမီးနှစ်ဦးသည် ဗဟန်းမြို့နယ် ဓမ္မစေတီလမ်းရှိ တည်းခိုရိပ်သာတစ်ခုသို့ ရောက်ရှိလာပြီး အသွင်ယူသက်သေနှစ်ဦးနှင့်အတူ ပြည့်တန်ဆာကိစ္စ ပျော်ပါးနေစဉ် ရဲအုပ်ဟန်မျိုးအောင် ဦးဆောင်သောအဖွဲ့က ၀င်ရောက်ဖမ်းဆီးခဲ့သည်။ ၎င်းတို့နှစ်ဦး၏ ထွက်ဆိုချက် အရ ပြည့် တန်ဆာလုပ်ငန်းကို အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက စီမံကြီးကြပ် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရှိရ သဖြင့် ညနေ ၃ နာရီတွင် တာမွေမြို့နယ်ရှိ ၎င်းတို့နေ ထိုင်ရာတိုက်ခန်းကို ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့သည်။

ယင်းတိုက်ခန်းတွင် ပြည့်တန်ဆာခေါင်းအပါအ၀င် အမျိုးသမီးသုံးဦးကို ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်။ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဗဟန်း ရဲစခန်းက (ပ)၄၅၀/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပြည့်တန်ဆာပုဒ်မ ၅ (၁) ဖြင့် အရေးယူနိုင်ရန် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here