Tuesday, November 5, 2013

မရမ်းကုန်းမြို့နယ်တွင် လူသတ်မှုဖြစ်

0 comments
5.11.2013

၎.၁၁.၂၀၁၃ရက်နေ့ ၁၉၃၀အချိန် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊အောင်မင်္ဂလာလမ်းသွယ် (၂)နေ ဦးလှသိန်း (၄၆)နှစ် ၊ရွှေကမ္ဘာအိမ်ယာလုံခြုံရေး (ဘ)ဦးဖိုးမောင်သည် (၃)ရပ်ကွက်၊ ရွှေကမ္ဘာအိမ်ယာလုံခြုံရေး
ကင်းတဲတွင် သတိမေ့လဲကျနေ၍ ၎င်း၏ညီမဖြစ်သူ မဌေးဝင်းမှ အင်းစိန်ဆေးရုံသို့ တင်ပို့ခဲ့ရာ ဦးလှသိန်းတွင် ယာမျက်လုံး၊နှုတ်ခမ်းဖူးယောင်ဒဏ်ရာ၊ နောက်စေ့ပေါက်ပြဲဒဏ်ရာများနှင့်သွေးအန်နေသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသစဉ် ၅.၁၁.၂၀၁၃ရက်နေ့၀၇၀၀အချိန် ဦးလှသိန်းမှာသေဆုံးသွားခဲ့ပါသည်။

ဦးလှသိန်းအား ရွှေကမ္ဘာအိမ်ယာ တိုက်(A- 8)၊ အခန်း (၂၀၂)နေဇေယျာမင်းကြိုင်မှ ၄.၁၁.၂၀၁၃ရက်နေ့ ၁၉၀၀အချိန် ခန့်တွင် လက်သီးနှင့်ထိုးသဖြင့် နောက်ပြန်လဲကျရာ တမံတလင်းကြမ်းပြင်နှင့် ဦးခေါင်းနောက်စေ့ထိခိုက်မိပြီး ဒဏ်ရာရသေဆုံးသွားကြောင်း သိရှိရသဖြင့် ဇေယျာမင်းကြိုင်အား ဘုရင့်နောင်နယ်မြေရဲစခန်း(ပ) ၃၉၆/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
Yangon Police

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here