Friday, November 1, 2013

လူ ၁၁ဦးသေဆုံးခဲ့သော မီးပုံးပျံပျက်ကျမှု ဆေးခြောက်နှင့်ပတ်သက်မှုရှိနေ

0 comments
1.11.2013

လိုက်ပါလာသူ ၁၁ဦးစလုံး သေဆုံးခဲ့သော နယူးဇီလန်၌ ပျက်ကျခဲ့သော မီးပုံးပျံ၏ပိုင်း လော့ခန္ဓာကိုယ်တွင်း ၌ ဆေး ခြောက်များရှိနေခဲ့ကြောင်း ကြာ သပတေးနေ့က ထုတ်ပြန်ခဲ့သည့် တရားဝင်အစီအရင်ခံစာတစ်ခု တွင် ဖော်ပြထားသည်။ မတော် တဆမှုဖြစ်ခဲ့ရခြင်းမှာ ပိုင်းလော့ ၏ ဆုံးဖြတ်ချက်အားနည်း မှု ကြောင့် ဖြစ်သည် ဆိုသည်။

၂၀၁၂ခုနှစ် ဇန်နဝါရီလ က မီးပုံးပျံသည် ပါဝါဓာတ်အား လိုင်းကြိုးများနှင့် တိုက်မိပြီး မီး လောင်ပျက်ကျ ကာ မြေပြင်သို့ ထိုးစိုက်ကျသွားခဲ့သည်။ ယင်း သို့ ပျက်ကျပြီးနောက် မူးယစ် ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်၍ ပိုမိုတင်းကျပ်သော ကန့်သတ် ချက်များပြုလုပ်ရန် စုံစမ်းစစ်ရေး မှူးများက တောင်းဆိုခဲ့သည်။

ပိုင်းလော့ဖြစ်သူ လန့်စ် ဟော့ပင်သည် ဆေးခြောက်ကြာ ရှည် သုံးစွဲနေသူဖြစ်ပြီး ၎င်းအ လောင်းကို ခွဲစိတ်စစ်ဆေးစဉ် ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ဆေး ခြောက်ကို တွေ့ရှိခဲ့ကြောင်း Transport Accident Investi-gation Commision က ပြော ကြားခဲ့သည်။ မတော်တဆမှုဖြစ် မည့်နေ့ နံနက်က ဟော့ပင်တစ်စုံ တစ်ခုအား ရှူရှိုက်နေသည်ကို သက်သေနှစ်ဦးက တွေ့မြင်ခဲ့ သည်ဟု ကော်မရှင်အကြီးအကဲ ဂျွန်မာရှယ်က ပြောကြား ခဲ့သည်။

ထို့အပြင် မှုခင်းဆေးပညာ အရ စစ်ဆေးစမ်းသပ်မှုကလည်း ဆေးရွက်ကြီးရှူခဲ့ခြင်းမရှိဟု ဆို သည်။ မီးပုံပျံမှာ ပြုပြင်ထိန်းသိမ်း ရေးပြဿနာများ မရှိခဲ့ဘဲ ဝယ် လင်တန်မြို့ မြောက်ဘက်ကာ တာတွန်မြို့အနီး ပျက်မကျခင် ရာသီဥတုအခြေအနေမှာလည်း တည်ငြိမ်နေခဲ့ကြောင်း မာရှယ် က ပြောကြားခဲ့သည်။ အသက် ၅၃နှစ်အရွယ် ဟော့ပင်သည် ပျံသန်းမှုမပြုလုပ်မီ ဆေးခြောက် ရှူခဲ့ခြင်းမှာ သေချာသလောက် ဖြစ်နိုင်ကြောင်း ၎င်းကပြော ကြားခဲ့သည်။ပါဝါဓာတ်အားလိုင်းအောက် ပျံသန်းချိန် ဓာတ်အားလိုင်းများ ဆီ မီးပုံးပျံရွေ့နေချိန် အမြန်ဆုံး အောက်ချရမည့်အစား ဓာတ် အားလိုင်းများကို ကျော်ရန် ကြိုး စားစဉ် တိုက်မိကာ ပျက်ကျ ခဲ့ ခြင်းဖြစ်သည်။ ဆေးခြောက်သုံးစွဲ မှုကြောင့် ဆုံးဖြတ်ချက်အား နည်းခဲ့ရကြောင်း မာရှယ်က ပြော ကြားခဲ့သည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here