Thursday, November 14, 2013

ရန်ကုန်နှင့် မန္တလေးမဟုတ်သည့် နေရာများတွင်ရင်းနှီးမြုတ်နှံလုပ်ရန် တိုက်တွန်း

0 comments

Thursday, November 14, 2013

ရန်ကုန်နှင့် မန္တလေးရှိ မြေနေရာများမှာ ဈေးနှုန်းကြီးမြင့်လှသည့်အတွက် အခြားဒေသများတွင် ရင်းနှီးမြုတ်နှံမှု များပြုလုပ်ရန် မြန်မာနိုင်ငံတွင် ၁၉၉၂ခုနှစ်မှ စတင်ကာ သင်္ဘောလိုင်းလာရောက်ဖွင့်လှစ်ထားသည့် ဥရောပသင်္ဘောလိုင်းမှ အကြီးအကဲ ကပ်ပတိန် ဂျာစီရို့စ်က ပြောကြားသည်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံးတွင် ယနေ့နံနက် ၉နာရီက ကျင်းပသည့်အီးယူမြန်မာ ပူးပေါင်းဆောင် ရွက် မြှင့်တင်ရေး ဆွေးနွေးပွဲမှ စီးပွားရေးဖိုရမ်တွင် ဥရောပလုပ်ငန်းရှင်များသို့ တိုက်တွန်း ပြောကြား ခြင်းဖြစ်သည်

“ရန်ကုန်မြို့ရဲ့မြေဈေးဟာ နယူးယောက်မြို့မြေဈေးထက်များပါတယ်” ဟု ၎င်းကပြောသည်။

အခြားနိုင်ငံခြားရင်းနှီးမြုတ်နှံမှုတချို့ မှာလည်း ရန်ကုန်မြို့နှင့်မိုင် ၅၀အကွာရှိ ပဲခူးမြို့တွင် ရင်းနှီးမြုတ်နှံမှုများ ပြုလုပ်ထား ကြကြောင်း ကက်ပတိန် ဂျာစီရိုစ်က ပြောကြားသည်။

မြေဈေးကြီးမြင့်မှုအပြင် လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းမှာလည်း ရင်းနှီးမြုတ်နှံမှုများအတွက် အတားအဆီး ဖြစ်စေသည့် နောက်ထပ် အချက် တစ်ချက်ဖြစ်ပြီး နွေရာသီတွင် လျှပ်စစ်မီးပြတ်aတာက်မှုမှာ ပိုမိုဆိုးရွား လာတတ်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။

ယင်းကဲ့သို့ အခက်အခဲများရှိသော်လည်း မြန်မာနိုင်ငံတွင်အလွယ်တကူလေ့ ကျင့်ပေးနိုင် သည့် လုပ်သားများ ရှိပြီး တတ်ကျွမ်းသော လုပ်သား များသည် ထိုက်သင့်သောလုပ်ခလစာဖြင့် လုပ်ကိုင်နေကြသောကြောင့် ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် အလွန် ကောင်းမွန်သော အနေအထား ရှိကြောင်း ၎င်းကပြောကြားသည်။

“မြန်မာနိုင်ငံမှာ လွတ်လပ်စွာ လုပ်ငန်းထူထောင်နိုင်တယ်။စီးပွားရေး မိတ်ဖက်တွေရှာနိုင်တယ်” ဟု၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံးတွင် ယနေ့နံနက် ၉နာရီက ကျင်းပသည့်အီးယူမြန်မာ ပူးပေါင်းဆောင် ရွက်မြှင့်တင်ရေး ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်အပါအဝင်ဥရောပသမဂမှ အကြီးအကဲများ၊ သမ္မတရုံးဝန်ကြီးဦးစိုးသိန်း အပါအဝင် မြန်မာ့စီးပွားရေး ပညာရှင်များ၊စီးပွားရေး လုပ်ငန်းရှင်များ ဥရောပ နိုင်ငံများမှ စီးပွားရေး
လုပ်ငန်းရှင် အများအပြား တက်ရောက်ခဲ့သည်။

ဥာဏ်လင်းထက်၊ မင်းသူရ
People power

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here