Monday, November 25, 2013

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးအတွက် တပ်ပိုင်းဆိုင်ရာပါဝင်မူ အားနည်းနေခြင်းကြောင့် ယုံကြည်မူနည်းပါးနိုင်ဟု UNFC ပြောဆို

0 comments


25.11.2013


နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် ကာလုံအဖွဲ့ ဝင်များ လတ်မှတ်ရေးထိုးမူမရှိခြင်း တပ်ပိုင်းဆိုင်ရာ ပါဝင်မူ အားနည်းနေခြင်းကြောင့် ယုံကြည်မူတည်ဆောက်ရာတွင် ခိုင်မာမူနည်းနိုင်ကြောင်း ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ UNFC အထွေထွေအတွင်းရေးမူး ဦးနိုင်ဟံ သာကပြောကြား ခဲ့သည်။ အပစ်ခတ်ရပ်စဲရေးလတ်မှတ်ရေးထိုးရာတွင် နိုင်ငံတော် ကာကွယ်ရေးနင့် လုံခြုံရေး ကောင်စီဝင်များဖြစ်သည့် နိုင်ငံတော်သမ္မတ၊လွတ်တော်ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစိးချုပ်၊ နင့်အစိုးရအဖွဲ့ မှလူအားလုံး လတ်မှတ်ရေးထိုး၍ ယုံကြည်မူ တည်ဆောက် ရမည်ဖြစ်ကြောင်း နိဝင်ဘာ ၂၄ရက်နေ့ အင်းယားလိတ် ဟိုတယ်တွင် မီဒီယာများနှင့် တွေ့ ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

"ခုချိန်ထိ အစိုးရအဖွဲ့ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမူတွေလုပ်နေပေမယ့် စစ်တပ်ကပါဝင်မူမရှိသေးဘူး။ အစိုးရ အပေါ်မှာ တပ်ကဦးဆောင်မူ ရှိတဲ့ သဘောဖြစ်နေတာ ကောင်းတဲ့ လက္ခဏာမဟုတ်ဘူး။ တစ်နိုင်ငံလုံး အပစ်ခတ် ရ့ပ်စဲမယ်ဆို ယုံကြည်မူတည်ဆောက်ဖို့  စစ်တပ်ကပါ ပါဝင်လာမှရမယ် "ဟု ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ UNFC အထွေထွေအတွင်းရေးမူး ဦးနိုင်ဟံသာက ဆိုသည်။ ထို ပြင် အပစ်ခတ် ရ့ပ်စဲရေး လတ်မှတ်ရေးထိုးပြီးမှ နိုင်ငံရေးဆွေးနွေးမူများ ပြုလုပ်မည်ဆိုသော်လည်း လတ်မှတ်ရေး ထိုးပြီးချိန်တွင် နစ်ဖက်စစ်တပ်အား ထိန်းချုပ်ရန် လိုအပ်ပြီး နိုင်ငံရေးအရ ဆွေးနွေးမူများပြုလုပ်ရာတွင်လဲ အမှန်တကယ် ဆွေးနွေးညှိနိုင်းမူများဖြစ်ရန် လိုအပ်ကြောင်း ယင်းက ဆက်လက်ပြောကြားခဲ့သည်။

"အပစ်ခတ်ရပ်စဲရေး လတ်မှတ်ရေးထိုးပြီးမှ နိုင်ငံရေးဆွေးနွေးမူတွေ လုပ်မယ်ဆိုပေမယ့် တစ်ဖွဲ့ နဲ့ အပစ်ခတ် ရပ်ပြီး နောက်တစ်ဖွဲ့ ကိုဖိတိုက်နေတာ မျိုးလဲဖြစ်လို့ မရဘူး။စစ်ရေးအရဖြေရှင်းလို့ လဲ သမိုင်းမှာ ဘယ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ မှ ပျောက်ပျက်သွားတာမရှိခဲ့ဘူး" ဟု ဦးနိုင်ဟံသာ က ဆက်လက်ပြောသည်။ UNFC ခေါင်းဆောင်သုံးဦးဖြစ်သည့် အထွေထွေ အတွင်းရေးမူး ဦးနိုင်ဟံသာ၊ ဒုတိယဥက္ကဌ(၁) ဦးအေဘယ်ဒွိ ၊ ဒုတိယ ဥက္ကဌ(၂) စောဒေးဗစ်သာကပေါ တို့ သည်နိဝင်ဘာ၂၃ တွင် မြန်မာအစိုးရ၏ ဖိတ်ခေါ်ချက် အရ အလည်သဘောဟူ၍ လာရောက်ခြင်းဖြစ်ပြီး ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနှင့် တွေ့ ဆုံခဲ့ကာ ၈၈မျိုး ဆက်ကျောင်းသား ခေါင်းဆောင်များနှင့်လဲ တွေ့ ဆုံသွားမည်ဖြစ်ကြောင်းသိရသည်။


ပန်မိုးဝါ(ရိုးရာလေး)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here