Friday, December 20, 2013

အခြေခံပညာ သင်ကြားနည်းစနစ် သုတေသန ပြုလုပ်ရန် ပညာရှင်အဖွဲ့ တိုက်တွန်း

0 comments



20.12.2013

အခြေခံပညာ မူလတန်းအဆင့် ကျောင်းသင်ခန်းစာ များတွင် သင်ကြားနေသော သင်ကြား နည်းစနစ် များကို သုတေသန ပြုလုပ်ပြီး ပြန်လည် ပြင်ဆင်ရန် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမရှိ ကလေးသူငယ် ဗဟိုပြု သင်ကြားရေးအဖွဲ့ (CCA) က တိုက်တွန်းထားကြောင်း အဆိုပါ အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

သင်ကြားနည်းစနစ် များကို သုတေသန ပြုခြင်းအားဖြင့် အားသာချက်၊ အားနည်းချက်များ ရှာဖွေ တွေ့ ရှိနိုင်သည့်အပြင် သင်ရိုးညွှန်းတမ်း လိုအပ်ချက်များကို ဆန်းစစ်နိုင်ပြီ ဖြစ်ကြောင်း ယင်းအဖွဲ့ အကြံပေး တာဝန်ခံတစ်ဦးက ပြောဆိုသည်။
“အခုဆရာတွေ သင်နေတဲ့ပုံက ကလေးတွေကို မေးခွန်း မမေးတတ်အောင် လုပ်သလိုမျိုး ဖြစ်နေတယ်။ ဒါဆရာတွေ အပြစ်လည်း မဟုတ်ဘူး။ ယန္တရားကြီး တစ်ခုလုံးက ပျက်နေတာကြောင့်ပါ” ဟု ၎င်းက ပြော ကြားသည်။

သင်ကြားနည်းစနစ် အပြောင်းအလဲအဖြစ် မြို့နယ် နှစ်ရာကျော်က ဆရာ၊ ဆရာမများကို ကလေးဗဟိုပြု ဆရာအတတ်သင် သင်တန်းများ ပေးထား ခဲ့သော်လည်း လက်တွေ့ ဆရာနှင့် ကျောင်းသားအချိုး ကွာဟ ချက်ကြောင့် အသုံးမဝင်ကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ကလေးသူငယ် ဗဟိုပြုသင်ကြားရေး အဖွဲ့သည် အခြေခံပညာရေး ဆိုင်ရာ ပညာရေးမူဝါဒ ရေးဆွဲခြင်း၊ ကလေးသူငယ် သင်ရိုးညွှန်းတမ်း မူဘောင်တွင် စံသတ်မှတ်ချက် ရေးဆွဲရာ၌ ကူညီ ပံ့ပိုးခြင်း တို့ ပြုလုပ်လျက်ရှိသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်း အဖွဲ့ဝင် တစ်ခု ဖြစ်သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here